နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယက်နမ်တွင် ကိုဗစ်ကန့်သတ်တားမြစ်ချက်များ ရုပ်သိမ်းမည်

ဟနွိုင်း   စက်တင်ဘာ   ၁၅


ဗီယက်နမ်နိုင်ငံရှိ အဓိကမြို့ကြီးများတွင် ယခုလကုန်မှစ၍ Covid ကြောင့် Lock down ချထားကာ အပြင်မထွက်ရ တင်းကျပ်ထားသည့်အမိန့်ကို ဖြေလျှော့ ပေးတော့မည်ဖြစ်ပြီး ကာကွယ်ဆေးထိုးခြင်းကို အရှိန်မြှင့်ဆောင်ရွက်နေကြောင်း ဗီယက်နမ်အစိုးရက ပြောသည်။ 


ဟနွိုင်းမြို့တော်တွင် ကျန်းမာရေးဝန်ထမ်းများက ညလုံးပေါက်ကာကွယ် ဆေးထိုးခြင်းများကို ပြုလုပ်ပေးနေပြီး ဟနွိုင်းမြို့တော်တွင် ပြီးခဲ့သည့် ဇူလိုင်လ ကတည်းက အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။ လူဦးရေ ၆ သန်း နီးပါးရှိတဲ့ ဟနွိုင်းမြို့တော်မှာ ၈၀ ရာနှုန်းခန့်မှာ ကာကွယ်ဆေးပထမတစ်လုံးထိုး ထားပြီးဖြစ်ကာ ယခုရက်သတ္တပတ်အကုန်မှာ ၁၀ဝ ရာနှုန်းထိုးပြီးရန် ရည်ရွယ်ထား ကြောင်း သိရသည်။ ဟိုချီမင်းမြို့တော်တွင်မူ လူဦးရေ၏ ၉၅ ရာနှုန်းမှာ ကာကွယ်ဆေး ပထမတစ်လုံးထိုးထားပြီးဖြစ်ကာ ဒုတိယတစ်လုံးထိုးချင်ကြပေမယ့် ဆေးမလုံ လောက်သည့်အတွက် ဆေးမထိုးရသေးသူများလည်း အများအပြားရှိနေသည်။

မျိုးဝင်း (ref;BBC)






အခြားဆက်စပ်သတင်းများ