နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၁ ခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း မီးလောင်မှု ၇၂ ကြိမ်ဖြစ်

ရန်ကုန် စက်တင်ဘာ ၁၄


၂၀၂၁ ခုနှစ် သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ မြန်မာနိုင်ငံတစ်ဝှမ်း မီးလောင်မှု ၇၂ ကြိမ်ဖြစ်ပွားပြီး ဆုံးရှုံးမှု တန်ဖိုးမှာခန့်မှန်းခြေကျပ် ၁၀၅ သန်းကျော်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက် အရသိရသည် ။


သြဂုတ်လအတွင်း မီးလောင်မှု ဖြစ်ပွား ရာတွင် မီးဖိုမီး ၃ ကြိမ် ၊  ပေါ့ဆမီး ၁၀ ကြိမ်၊ အလိုအလျောက်မီး ၃ ကြိမ်၊ လျှပ်စစ်မီး ၂၄ ကြိမ်၊ မသမာသူရှို့မီး ၂၃ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၇ ကြိမ်၊ စုံစမ်းဆဲမီးလောင်မှု ၂ ကြိမ် ဖြစ်ပွားခဲ့သည် ။


မီးလောင်မှု ဖြစ်ပွားခြင်းကြောင့် အိမ်ခြေအဆောက်အဦး ၆၀ ၊ စက်ရုံအလုပ်ရုံ ၄ ရုံ၊ ဂိုဒေါင် ၂ လုံး ပျက်စီးဆုံးရှုံးသည် ထို့ပြင်သေဆုံးသူ ၇ ဦး၊ ဒဏ်ရာရသူ ၁၁ ဦးနှင့် မီးဘေးဒုက္ခသည် ၂၄ ဦးရှိသည် ခန့်မှန်းခြေ ဆုံးရှုံးမှုတန်ဖိုးမှာကျပ် ၁၀၅,၀၅၅,၅၀၀ ရှိကြောင်း သိရသည် ။

အောင်သူရ






အခြားဆက်စပ်သတင်းများ