နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြေသယ်ယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်တိုက်

မန္တလေး စက်တင်ဘာ ၁၄


စက်တင်ဘာ ၁၃ ရက်၊ ညနေ ၆ နာရီ ၄၅ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၄၄/၄)နှင့် (၃၄၄/၅)ကြားတွင် နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော Vigo အမျိုးအစား (အဖြူရောင်)ယာဉ် သည် အရှိန်မထိန်းနိုင်ဘဲ  မန္တလေး ဘက်မှ နေပြည်တော်ဘက်သို့ မောင်း နှင်လာပြီး ကျောက်ဆည်ဆင်းလမ်း ဖြတ်အား ဖြတ်ကူးနေသော Cheng Long အမျိုးအစား (အပြာရောင်) မြေသယ်ယာဉ်၏ ဘယ်ဘက်နောက် ပိုင်းအား တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စကားအင်းအမြန် လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ  Vigo အဖြူရောင်ယာဉ်မှ ယာဉ်မောင်း ကျားတစ်ဦးသေဆုံး၊ ကျားတစ်ဦးနှင့်  Cheng Long (အပြာရောင်) မြေသယ်ယာဉ်မှ ကျား နှစ်ဦးတို့ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး တံတားဦးဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ