နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တမူးမြို့နယ် မိုးစပါးများ လျာထားဧကထက်ကျော်လွန်စိုက်ပျိုးနိုင်

မိုင်းယောင်း  စက်တင်ဘာ   ၁၄


စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးစပါးရာသီတွင် ဧက ၄၈၈၀ဝ စိုက်ပျိူးရန်လျာထားခဲ့ရာ ယခု  ၄၉၄၇၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားဧကထက် ၆၇၂ ဧက ကျော်လွန်စိုက်ပျိုးနိုင်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၀၁ ဒသမ ၃၈ ရာခိုင်နှုန်းစိုက်ပျိုးနိုင်ခဲ့ကြောင်း တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဆန်းဦးထံမှ စက်တင်ဘာ ၁၃ ရက်က သိရသည်။ 


မိုးစပါးစိုက်ပျိုးခဲ့ရာတွင် အစိုးရဆည်ငယ်ကန်ငယ်စနစ်နှင့် ပုဂ္ဂလိက ဆည်ငယ် ကန်ငယ်စနစ်ဖြင့် ၂၀၇၇၆ ဧက ချောင်းပိတ်မြောင်းပိတ်စနစ်ဖြင့် ၁၈၁၄၈ ဧက မိုးကောင်းသောက်စနစ်ဖြင့် ၁၀၅၄၈ ဧက စုစုပေါင်း ၄၉၄၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ ခြင်းဖြစ်သည်။ 


မိုးစပါးအထွက်နှုန်းတိုးရေးအတွက်       မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဆန်းဦးနှင့် ဝန်ထမ်းများက သက်ဆိုင်ရာ ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်း ၍ ပျိုးသက်နုကောက်ကွင်းကြဲစနစ်ဖြင့် စိုက်ပျိုးစေခြင်း ပျိုးပေါင်စနစ်ဖြင့် စိုက်ပျိုး စေခြင်း မျိူးစေ့ချကိရိယာဖြင့် အတန်းလိုက်စိုက်ပျိုးခြင်း သဘာဝမြေသြဇာကို အချိုးကျစွာ စနစ်တကျအသုံးပြုရေးနှင့် သဘာဝပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲရေး တို့ကို တောင်သူများသိရှိပြီး လက်တွေ့အသုံးချနိုင်ရေးအတွက် ကွင်းဆင်းပညာပေး မှုများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ခရီးသွားလုလင်






အခြားဆက်စပ်သတင်းများ