နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မအူပင်မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

မအူပင်  စက်တင်ဘာ   ၁၄


ဧရာဝတီတိုင်းဒေသကြီး၊  မအူပင် ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံမှုအား စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီက မအူပင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံပေးရာတွင် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်စွာလွင်၏လမ်းညွှန်မှုဖြင့် ကျန်းမာ ရေးဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ကာကွယ်ဆေးလာရောက်ထိုးနှံကြ သည့် အသက် ၆၅ နှစ်နှင့်အထက် အဘိုး ဘွားများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ပြုလုပ် ပေးပြီးနောက် ကာကွယ်ဆေးအား စနစ် တကျထိုးနှံပေးခဲ့ပြီး မိနစ် ၃၀ အနားယူ စေပြီး စိတ်ချသည့်အခြေအနေရောက်ရှိ မှသာ စနစ်တကျပြန်ခွင့်ပြုထားကြောင်း သိရသည်။


မအူပင်မြို့နယ်အတွင်း    ဆေးထိုးအုပ်စုနေရာများအဖြစ်ကျောင်းရွာ(အ. ထ.က)ကျောင်း၊ မလတ်တို (အ.ထ.က)ကျောင်း၊ ရွှေတောင်မှော် (အ.ထ.က ကျောင်း၊ ကျွဲဒုံး (အ.ထ.က) ကျောင်း၊ လက်ပံကုန်း (အ.ထ.က) ကျောင်း၊ မအူပင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းစသည့်နေရာများ တွင်   အဖွဲ့(၆)ဖွဲ့၊ နေရာ(၆)နေရာခွဲပြီး အုပ်စုပေါင်း(၈၈)အုပ်စုများအား သတ်မှတ်ရက်များအလိုက် ဆက်လက် ထိုးနှံပေးလျက်ရှိရာ အုပ်စုတာဝန်ခံ များက ကြီးကြပ်လျက်ရှိပြီး မအူပင်မြို့ ပေါ်အနေဖြင့် ယနေ့တွင် အသက် ၆၅ နှစ်နှင့်အထက် ၉၁၂၁ ဦးခန့် ထိုးပေးခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

ခရိုင် ပြန်/ ဆက် (မအူပင်)






အခြားဆက်စပ်သတင်းများ