နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄ ဦးတွေ့ရှိ ကိုးဦး ဆေးရုံဆင်း

မိုင်းယောင်း  စက်တင်ဘာ   ၁၄


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ် ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စက်တင်ဘာ ၁၂ ရက်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ရသူ ၁၄ ဦးတွေ့ရှိပြီး  ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ကိုးဦးအား ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရ သည်။


Fever Clinic ၌ စက်တင်ဘာ ၁၂ ရက်က အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ကိုးဦးတို့အား RDT Test Kit ဖြင့် စစ်ဆေး ခဲ့ရာ အမှတ်(၅)ရပ်ကွက်မှအမျိုးသား တစ်ဦး၊ မုန်းလိုက်အုပ်စုမှ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦး၊ ဝမ်တပ် အုပ်စုမှ အမျိုးသားလေးဦးနှင့် အမျိုး သမီးလေးဦးတို့ထံတွင် Positive တွေ့ရှိ ကြောင်း သိရသည်။


မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၅ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ အတည်ပြုလူနာ ၂၈၄ ဦး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်း ခွင့်ရသူ ၁၈၄ ဦး၊ နှစ်ဦးသေဆုံးပြီးလက်ရှိ တွင် အတည်ပြုလူနာ ၉၈ ဦးကျန်ရှိ ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ