နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မနောကြာဖြူကုသိုလ်ဖြစ်အခမဲ့ဆေးခန်း ဖွင့်လှစ် လူမျိုးဘာသာမရွေး ကျန်းမာရေးစစ်ဆေးကုသပေး

မန္တလေး  စက်တင်ဘာ   ၁၄


မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် ၅၃လမ်း၊ မြရည်နန္ဒာရပ်ကွက်ရှိ မနော ကြာဖြူလူမှုရေးအသင်း၏   မနောကြာဖြူ ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းကို  ၂၀၁၉ ခုနှစ်မှစတင်၍   မပျက်မကွက်နေ့စဉ် ဖွင့်လှစ်၍  ဆင်းရဲနွမ်းပါးကျန်းမာရေးမကောင်းသူများအား ကျန်းမာရေးစစ် ဆေးအခမဲ့ကုသပေးခဲ့သည်။ 


ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလတွင်     ရပ်ကွက်ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများလုပ် ဆောင်ပေးနိုင်ရန် စေတနာဆရာဝန် များက နေ့စဉ်နံနက် ၉ နာရီမှ မွန်းတည့် ၁၂နာရီအထိ ဆေးခန်းဖွင့်လှစ်၍ စေတနာ ဆရာဝန်၊ သူနာပြုများက ကျန်းမာရေး စစ်ဆေးကုသမှုများ ပြုလုပ်ပေးလျက် ရှိသည်။


မနောကြာဖြူကုသိုလ်ဖြစ်အခမဲ့ဆေးခန်းအား     လူမျိုးဘာသာမရွေး      ကျန်းမာရေးစစ်ဆေးကုသပေးလျက် ရှိရာစေတနာရှင်များက ဆေးနှင့်ဆေး ပစ္စည်းများအသင်း ရုံးဖုန်း ဝ၉၇၅၂၃ ၄၈၃၆၂၊ အသင်းဥက္ကဌ ဖုန်း-ဝ၉၂၀ဝ ၆၄၂၃ နှင့်  အတွင်းရေးမှူး ဖုန်း- ဝ၉၄၃၀ ၉၉၆၆၀ သို့  ဆက်သွယ်လှူဒါန်းနိုင် ကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ