နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုယ်ဝန်ဆောင်၊ အသက် ၅ နှစ်အောက် ကလေးငယ်နှင့်အသက် ၆၀ နှစ် အထက်ရှိသူများကို ထောက်ပံ့ကြေးပေးအပ်

မိုးနဲ စက်တင်ဘာ ၁၄


ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်း ခေးခရိုင်၊မိုးနဲမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ Quarantine ဝင်ရောက် နေသူများနှင့် Positive center ရှိ ထိခိုက်လွယ်  အုပ်စုများဖြစ်သော ကိုယ်ဝန်ဆောင်၊ အသက် ၅ နှစ်အောက် က‌လေးငယ်များ၊  အသက် ၆၀ နှစ် အထက်နှင့် မသန်စွမ်း သူများ အာဟာရ လုံလောက်စွာ စားသုံးနိုင်ရန်အတွက် ထောက်ပံ့‌ ငွေ များကို စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက သက်ဆိုင်ရာ အိမ် အရောက် သွားရောက်ကာ ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။


ယင်းသို့ သွားရောက်ထောက်ပံ့ရာ တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီး မှူး ဒေါ်ခိုင်စံပယ်ဖြူနှင့် သက်ဆိုင်ရာ ရပ်ကွက် စာရေးဝန်ထမ်းများက အသက် ၅ နှစ်အောက်ကလေးခြောက်ဦးနှင့် အသက် ၆၀ နှစ်အထက် ၁၁ ဦး ကို တစ်ဦးလျှင်ငွေကျပ်  ၃၀၀၀၀ နှုန်း ဖြင့်  စုစုပေါင်းငွေကျပ် ၅၁၀၀၀၀  ထောက်ပံပေးခဲ့ကြောင်း သိရသည်။


အလားတူ ကျိုင်းတောင်းမြို့တွင် လည်း သက်ဆိုင်ရာ မြို့အုပ်ချုပ်ရေးမှူး ထံမှတစ်ဆင့် အသက် ၅ နှစ်‌ အောက် က‌လေးငယ်ခြောက်ဦးနှင့် အသက် ၆၀ နှစ်အထက် ရှစ်ဦးကို တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းစီဖြင့် စုစုပေါင်း ငွေကျပ် ၄၂၀၀၀၀  ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)






အခြားဆက်စပ်သတင်းများ