နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

မင်းဘူး စက်တင်ဘာ ၁၄


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ နယ်၌ ဧရာဝတီမြစ်ရေတိုက်စားပြီး ရေဝင်ရောက်မှုတို့ကြောင့် ပြောင်းရွှေ့ နေရသည့် ဘုန်းတော်ကြီးကျောင်းများ နှင့်အိမ်ထောင်စုများအတွက် ဒေသခံ အရပ်ဘက်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး စက်တင်ဘာ  ၁၃ ရက် နံနက် ၉ နာရီက အခြေခံစားသောက် ကုန်ပစ္စည်းများ သွားရောက်ထောက်ပံ့ လှူဒါန်းကြသည်။


ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုပြီး စက်တင်ဘာ ၂ ရက်၌ ပြောင်းရွှေ့နေရသည့် ပခုက္ကူမြို့နယ်၊ နုံးပို့ကျေးရွာရှိ အိမ်ထောင်စု ၄၈ စုနှင့် ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်း၊ ဇီးတောကျေးရွာရှိ အိမ်ထောင်စု ၂၀စု၊ ရေလဲကျေးရွာရှိ အိမ်ထောင်စု ၂၀ စု စုစုပေါင်းအိမ်ထောင်စု ၈၈ စုနှင့် ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းတို့ အတွက် ပခုက္ကူမြို့၊ မျိုးသန့် MOBILE PHONE  အရောင်းဆိုင်၊ MPTဆင်းကတ် ဖြန့်ချိရေးနှင့်ကုန်ပစ္စည်း မျိုးစုံဖြန့်ချိရေးလုပ်ငန်းစုတို့၏ မတည်လှူဒါန်းမှုဖြင့် ဒေသခံအရပ်ဖက်အသင်းအဖွဲ့များ ပူးပေါင်းကာ အိမ်ထောင်စုတစ်စုလျှင် ဆန်လေးပြည်၊ ကြက်ဥ ၁၀ လုံး၊ ငါးသေတ္တာတစ်ဘူး၊ ဆား၅၀ကျပ်သား နှင့် ဘီစကစ်မုန့်တစ်ထုပ်စီ သွားရောက် ထောက်ပံ့လှူဒါန်းကြသည်။  


ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီမြစ် ရေတိုက်စားမှုနှင့် မြစ်ရေကြီးမှုတို့ ကြောင့် ရေပေါ်ကျွန်းကျေးရွာများနှင့် မြစ်ကမ်းနံဘေးရှိ  ကျေးရွာများတွင် ရေဝင်ရောက်လျက်ရှိပြီး နုံးပို့ကျေးရွာ တွင် ဉာဏ်တော်ကိုးတောင်၊လုံးပတ် တော် ၂၈ တောင်ရှိသည့် လေးဆူတော် စေတီတစ်ဆူ၊   ဗုဒ္ဓရုပ်ပွားတော် လေးဆူ၊ ဉာဏ်တော် ၂၇ တောင်၊ လုံးပတ်တော် ၈၀ တောင်ရှိသည့် ရှစ်မျက်နှာ စေတီတော်တစ်ဆူနှင့် ဗုဒ္ဓရုပ်ပွားတော်ရှစ်ဆူ၊ အလျားပေ ၆၀၊ အနံပေ ၆၀၊ အမြင့်၁၅ ပေရှိ သွပ်မိုး၊အုတ်ခင်း၊ သစ်မာ၊ သစ်လုံး တိုင်တို့ဖြင့် တည်ဆောက်ထားသည့် အာရုဏ်ခံတန်ဆောင်းတော် စသည့် ရှေးဟောင်း   စေတီတော်များနှင့် အဆောက်အဦတို့မှာ ပြိုကျပျက်စီး ခဲ့ကြောင်း၊ ကျေးရွာရှိ လူတစ်ချို့နှင့် ကျွဲ၊ နွားတိရစ္ဆာန်များ   ဥယျာဉ် ကျေးရွာတွင် ယာယီတဲများ တည် ဆောက်ပြီး   ပြောင်းရွှေ့နေထိုင်ကြ ကြောင်း၊ ကျေးရွာသမိုင်းအထောက် အထား  စာရွက်စာတမ်းများနှင့် ရှေးဟောင်းပစ္စည်းများ မပျောက်ပျက် စေရေး စနစ်တကျထိန်းသိမ်းထား ကြောင်း၊  ရေဝင်ရောက်သည့်ကျေးရွာနေပြည်သူများအနေဖြင့်  ဧရာဝတီမြစ်ရေ ပိုမိုမြင့်တက်လာပါက ကျေးရွာလုံးကျွတ် ပြောင်းရွှေ့ရမည်  ဖြစ်သော်လည်း အတည်တကျပြောင်းရွှေ့နေထိုင်ရန် မြေ နေရာအခက်အခဲရှိသောကြောင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှု ရေးအသင်းအဖွဲ့များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ရေဝင် ကျေးရွာနေပြည်သူများထံမှ သိရသည်။

ဆလိုင်းကိုကီး






အခြားဆက်စပ်သတင်းများ