နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းဖွင့်လှစ်သင်ကြား

ညောင်တုန်း  စက်တင်ဘာလ ၁၃


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် ကျေးရွာအဆင့်ခေါင်းဆောင်မှုသင်တန်းကို စက်တင်ဘာလ ၁၁ ရက် နံနက် ၉ နာရီက မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးရုံး၌ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။


သင်တန်းတွင် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထက်အောင်မှ ကျေးလက်နေပြည်သူများ၏ ခေါင်း ဆောင်မှုနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာ၊ အတက်ပညာများရရှိစေ ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက် လျောညီထွေးမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတိုး တက်သော ကျေးရွာများပေါ်ထွက်လာ စေရန်နှင့်လူနေမှုဘဝများမြင့်မား တိုး တက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။      


အဆိုပါသင်တန်းကို မြို့နယ် အတွင်းအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်း ကျေးရွာများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကျေးရွာများ၊ ကျေးလက်ရေရရှိရေး လုပ်ငန်းဆောင်ရွက်သည့်ကျေးရွာတို့မှ ကျေးရွာကော်မတီဝင်သင်တန်းသားတို့အား ကိုဗစ်-၁၉  ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်းသိရသည်။                 

       

     တေဇာလင်း






အခြားဆက်စပ်သတင်းများ