နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာလီဘန်များကို ဆက်လက်တိုက်ခိုက်နေပြီး အဓိကဒေသကိုထိန်းထားကြောင်း NRF ပြောကြား

ကဘူးလ်   စက်တင်ဘာ   ၁၃


တာလီဘန်များကို ခုခံတိုက်ခိုက်နေ သည့် NRF အာဖဂန်အမျိုးသားခုခံရေး တပ်ဖွဲ့များအနေဖြင့် ဆက်လက်တိုက် ခိုက်နေဆဲဖြစ်ပြီး အမာခံဒေသဖြစ်သည့် ပန်ရှီတောင်ကြားဒေသကို ၆၀ ရာခိုင်နှုန်း ခန့် ဆက်လက်ထိန်းထားနိုင်ကြောင်း NRF ပြောရေးဆိုခွင့်ရှိသူကပြောသည်။


တာလီဘန်တပ်များအနေဖြင့် ဒေသတွင်း ဝင်လာနိုင်ခြင်းကို အနိုင်ရ သွားပြီဟုပြော၍မရကြောင်း၊ NRF တပ် များနှင့် မိသားစုများအနေဖြင့် တောင် ကြားဒေသက ဆုတ်ခွာပေးလိုက်ရခြင်း များရှိကြောင်း၊ ယင်းမှာ နည်းနာအရ ဆုတ်ခွာရခြင်းသာဖြစ်ကြောင်း ပြောရေး ဆိုခွင့်ရှိသူ Ali Nazary က ဝါရှင်တန် မြို့တော်ရှိ Heritage Foundation တွင် ပြောကြားသည်။ ပန်ရှီဒေသတွင် ထောင်ချီသည့် NRF တပ်များရှိနေဆဲ ဖြစ်ကြောင်း၊ အစောပိုင်းက တာလီဘန် များသည် ယင်းဒေသကို ထိန်းချုပ်သိမ်း ပိုက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ သော်လည်း    ခုခံတိုက်ခိုက်နေသည့် တပ်များရှိနေဆဲဖြစ်ကြောင်း၊ ယင်း တို့သည် တောင်တန်းများတွင်ခိုအောင်း နေကြကြောင်း တာလီဘန်ဘက်ကလည်း အတည်ပြုပြောဆိုထားသည်။ 


လတ်တလောတွင်  NRF  များ၏ ရည်မှန်းချက်မှာ ခုခံတော်လှန်ရေးကို ဆက်လက်ထိန်းထားရန်သာဖြစ်ပြီး တဖြည်းဖြည်းကြီးထွားလာစေရန် ချဲ့ထွင် သွားမည်ဖြစ်ကြောင်း    ပြောခွင့်ရှိသူ Nazary က ပြောသည်။   မျိုးဝင်း (ref; AP)






အခြားဆက်စပ်သတင်းများ