နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေးနိုင်ငံမဟာမိတ် ထိပ်သီးအစည်းအဝေးကျင်းပရန် ပြင်ဆင်မှုများ ဆောင်ရွက်ပြီးစီးကြောင်း ကြေညာ

ဝါရှင်တန်   စက်တင်ဘာ   ၁၃

  

အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျ၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံ များရှိ ခေါင်းဆောင်များသည်အမေရိကန် ပြည်ထောင်စုဝါရှင်တန်တွင် လေးနိုင်ငံ မဟာမိတ်ထိပ်သီးအစည်းအဝေးကျင်းပ ရန်ပြင်ဆင်မှုများ  ဆောင်ရွက်ပြီးစီး ကြောင်း ကြေညာလိုက်သည်။ 


အဆိုပါအစည်းအဝေးကို လာမည့် စက်တင်ဘာ ၂၄ ရက်တွင်    လူချင်း တွေ့ဆုံပြုလုပ်ရန် အပြီးသတ်ပြင်ဆင် မှုများဆောင်ရွက်ပြီးပြီဖြစ်ကြောင်း အမည်မဖော်လိုသူ အမေရိကန်နှင့် ဂျပန် သတင်းအရင်းအမြစ်များကို ကိုးကားပြီး သတင်းထုတ်ပြန်ချက်များ ထွက်ရှိထား သည်။


အဆိုပါ လေးနိုင်ငံသည် မတ်လက ပထမဆုံးအစည်းအဝေးအဖြစ် အွန်လိုင်း မှ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယင်းအစည်း အဝေးကတစ်ဆင့် Covid ကာကွယ်ဆေး ဖြန့်ဖြူးရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် လုံခြုံရေးဆိုင်ရာကိစ္စများကို တရုတ် ဩဇာလွှမ်းမိုးမှုအပေါ်   တန်ပြန်သည့် အစိတ်အပိုင်းအဖြစ် အချင်းချင်းအနီးကပ် ဆောင်ရွက်ကြရန် ကတိကဝတ်ပြုခဲ့ ကြသည်။ ကျင်းပမည့်အစည်းအဝေးသို့ ရာထူးဆင်းမည့် ဂျပန်ဝန်ကြီးချုပ် ယူရှီ ဟီဒီဆူဂါးလည်း တက်ရောက်မည်ဟု     ခန့်မှန်းထားပြီး ယင်းအနေဖြင့် အမေရိကန် သမ္မတဂျိုးဘိုင်ဒင်နှင့်လည်း     တွေ့ဆုံ ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း သိရ သည်။                  မျိုးဝင်း (ref;Kyodo)






အခြားဆက်စပ်သတင်းများ