နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြို့နယ်ကြက်ခြေနီအသင်းခွဲကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ စွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်အခမ်းအနားကျင်းပ

ရန်ကုန်  စက်တင်ဘာ   ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ''ရှေးဦးပြုစုသူရဲကောင်းများ ကျောင်းနှင့်ရပ်ရွာမှ မွေးထုတ်ထား'' ဆောင်ပုဒ်ဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ၂၀၂၁  စက်တင်ဘာ ၁၁ ရက်နေ့  မွန်းတည့် ၁၂ နာရီမှ  ညနေ ၄ နာရီထိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားတွင် ရှေးဦးပြုစုနည်းနှင့်ပတ်သက်သည့် တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲ၊   နှစ်ဦးချင်း စွမ်းရည်ပြိုင်ပွဲများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့  စေတနာ့လုပ်အားရှင်တပ်ဖွဲ့ဝင်များက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူ (ပထမ၊ဒုတိယ၊တတိယ) များ ကို ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြု ဆုငွေများကို  ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးကြည်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တပ်ဖွဲ့မှူး ဦးခင်သန်း၊ မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်ကျော်မျိုးနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်တို့က ဂုဏ်ပြုဆုချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ