နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မော်တော်ယာဉ်များကနဦး မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်း စတင်

ရန်ကုန်  စက်တင်ဘာ ၁၂


ကိုဗစ်-၁၉ ကပ်ရောဂါပိုး တွေ့ရှိမှု လျော့ကျ လာခြင်းအပေါ် အခြေခံပြီး ရုံးများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ် ရာ မော်တော်ယာဉ်အသစ်များ ကနဦး မော်တော်ယာဉ်မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စက်တင်ဘာ ၁၃ ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စဉ်းမျဉ်း၊ စည်းကမ်းများကို လိုက်နာ ပြီး ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မန္တလေးနှင့် နေပြည်တော်စသော ကညန ရုံး ၄ ရုံးကို ယနေ့ တွင်ပြန်လည် ဖွင့်လှစ်ပေးပြီဖြစ်ကြောင်းနှင့် မော် တော်ယာဉ် သက်တမ်းတိုး ဆောင်ရွက် မှုကိုလည်း သက်တမ်းကုန်ဆုံးသည့်လ အလိုက်စီမံကာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)မှ သိရ သည်။


အဆိုပါ ရုံးများပြန်လည်ဖွင့်လှစ် ပြီဆိုလျှင်  မော်တော်ယာဉ်များ ကနဦး မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရုံးပိတ်ရက်များဖြစ်သော (ဇူလိုင် ၁၇ ရက်မှ စက်တင်ဘာ ၉ ရက်အထိ)ရက်ပေါင်း ၅၆ ရက် စာအတွက် မော်တော်ယာဉ်များ၏ ယာဉ်ထုတ် ရက်လွန်ဒဏ်ကြေးများကို အောက်တိုဘာ ၃၀ ရက်မတိုင်မီ နောက်ဆုံးထား ပေးဆောင်ပါက ရက်လွန် ဒဏ်ကြေးကင်းလွတ်ခွင့်ပြု သွားမည်ဖြစ်ပြီး  အောက်တိုဘာလ  ၃၀ ရက် နောက်ပိုင်းမှလာရောက်ဆောင်ရွက်သည့် ကနဦးမှတ်ပုံတင် ယာဉ်များသည် ဒဏ်ကြေးလျော့ပေါ့ ခွင့်မပြုဘဲ အားလုံးပေးဆောင်ရမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)မှ သိရ သည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွာသာကြီး (ကညန)၊ ထောက်ကြန့် (ကညန)ရုံး၊ မန္တလေး(ကညန)နှင့် နေပြည်တော်(ကညန) ရုံး ၄  ရုံးတွင် မော်တော်ယာဉ်သစ်များကို ကနဦး နံပါတ်ယူခြင်း၊ ယာဉ်စစ်ခြင်းစသော မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေး မည်ဖြစ်သည်။ 


ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာဉ်ငယ်များအတွက် ကနဦး မှတ်ပုံတင်ခြင်းလုပ်ငန်းကို  ထောက်ကြန့်(ကညန)ရုံးတွင် လည်း ကောင်း၊ ယာဉ်ကြီးများအတွက် ကနဦးမှတ်ပုံတင်ခြင်းကို ရွာသာကြီး (ကညန)တွင်လည်းကောင်း၊ ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကနဦးမှတ်ပုံတင်ခြင်း လုပ်ငန်း ထောက်ကြန့် (ကညန)ရုံးမှ သိရသည်။


ရန်ကုန်တိုင်းဒေသကြီး အတွင်း အပါအဝင်  သက်တမ်းတိုးဆောင်ရွက် ပေးသည့် ကညနရုံးများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလနှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ သက်တမ်းကုန်ဆုံးခဲ့သော မော်တော်ယာဉ်များကို အောက်တို ဘာလမတိုင်မီ အပြီးသတ်သက်တမ်း တိုးရမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၊ မတ်လနှင့် သြဂုတ်လတို့ တွင် သက်တမ်းကုန်ဆုံးသွားသောမော်တော်ယာဉ်များကို  နိုဝင်ဘာလ  မကုန် မီအပြီးသတ်သက်တမ်းတိုးရမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် သက်တမ်းကုန်ဆုံးသွားသော မော် တော်ယာဉ်များသည် ဒီဇင်ဘာ လမကုန်မီ အပြီးသတ်သက်ဆိုင်ရာ ကညနရုံးများတွင် သက်တမ်းတိုး ရမည်ဖြစ်ကြောင်း






အခြားဆက်စပ်သတင်းများ