နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းခွဲပိုင်ယာဉ်ဖြင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်

ရန်ကုန်  စက်တင်ဘာ ၁၂


ရန်ကုန်တိုင်းဒေသကြီး၊ မြောက် ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းခွဲပိုင် မော်တော် ယာဉ်တစ်စီး အကြီးစားပြင်ဆင်မှု များ ပြုလုပ်နေစဉ် ကာလအတွင်း အသင်းတွင်ကျန်ရှိသည့် ယာဉ်များဖြင့် အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။


လှည်းကူးမြို့နယ် ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာ့လုပ်အားရှင်များက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီအဖွဲ့ နှင့် ပူးပေါင်း၍ အရေးပေါ်လိုအပ်ချက် များနှင့်ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို ကူညီလုပ်ဆောင်ပေး နေကြောင်း သိရသည်။


ထို့အပြင် မြို့နယ်အတွင်းမှ ဆက်သွယ် အကူအညီတောင်းခံလာ သည့် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် အရေးပေါ်လူနာများကို အသင်းပိုင် လူနာတင်ယာဉ်နှင့် တပ်ဖွဲ့ဝင်များက ရှေးဦးသူနာပြုစုနည်း များဖြင့် လူနာများပို့ဆောင်ပေးခြင်း အပြင် အမှန်တစ်ကယ် အောက်ဆီဂျင် အခက်အခဲရှိသည့် လူနာများကို အောက်ဆီဂျင်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

               ကျော်ကျော်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ