နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုံးခွမြို့နယ်တွင် (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ထိုးနှံ

သုံးခွ၊ စက်တင်ဘာ ၁၂


ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွ မြို့နယ် အားကစားခန်းမ၊ မြန်မာ့ ရိုးရာ ခြင်းလုံးအားကစားရုံတွင် ကိုဗစ်-၁‌၉ ရောဂါထိန်းချုပ်‌ရေးနှင့်အ‌ရေး‌ ပေါ်တုံ့ပြန်ရေး‌ကော်မတီ၏ ဦး‌ဆောင် စီစဉ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး Sinovac ကို  ပထမအကြိမ် စက်တင်ဘာ ၁၁ ရက်၊ နံနက် ၉ နာရီက စက်မှုဇုန်ပြင်ပ စက်ရုံ၊ အလုပ်ရုံ လုပ်သားများကို ကျန်းမာ ရေးဝန်ထမ်းများက စတင်ထိုးနှံပေး ကြောင်း သိရ သည်။ 


ဆေးလာရောက်ထိုးနှံသူများကို နိုင်ငံသားစိစစ်‌ရေးကတ်ပြား (မှတ်ပုံ တင်) ပြသကာ မှတ်တမ်းစာရင်း‌ ရေးသွင်း၍ ဆေးထိုးနှံ‌ပေးပြီး ဘေးထွက်ဆိုးကျိုး ရှိ၊ မရှိ စောင့်ကြည့်‌ ပေးကြောင်း သိရသည်။  ပထမ‌နေ့တွင် လူဦးရေ ၅၈၄ ဦးကို ထိုးနှံပေး ခဲ့ပြီး ကျန်ရှိသူများကို ဆက်လက် ထိုးနှံ‌ပေးမည်ဟု သိရသည်။


ကာကွယ်‌ဆေး ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၊ အ‌ထွေ ထွေ အုပ်ချုပ်‌ရေးဦးစီဌာန၊ ကျန်းမာ‌ရေး ဦးစီးဌာန၊ ဌာနဆိုင်ရာများ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဆန်း






အခြားဆက်စပ်သတင်းများ