နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟူသီဘက်မှပစ်လွှတ်သည့် ဒရုန်းသုံးစင်းကို ဆော်ဒီညွန့်ပေါင်းတပ်ဖွဲ့ ပစ်ချနိုင်ခဲ့

ရီယာဒ့်၊  စက်တင်ဘာ  ၁၁


ဆော်ဒီတောင်ပိုင်းဒေသကို ဦးတည်ကာ ယီမင်အခြေစိုက် ဟူသီသူပုန်များက ပစ်လွှတ်ခဲ့သည့် ဒရုန်းသုံးစင်းကို ပစ်ချနိုင်ခဲ့ကြောင်း ယီမင်ရှိ ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က ပြောကြားလိုက်သည်။


ဆော်ဒီတရားဝင် သတင်းအေဂျင်စီ၏ ပြောကြားချက်အရ  ယင်းဧရိယာအတွင်း ဟူသီဒရုန်းနှစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ဆော်ဒီညွန့်ပေါင်းတပ်ဖွဲ့ကကြေညာခဲ့ ပြီး အဆိုပါကြေညာချက်နှင့်အတူ အရပ်သားများအခြေချရာ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် ဟူသီသူပုန်များ၏ လုပ်ရပ်များကို ပြစ်တင်ရှုတ်ချခဲ့ကြောင်းသိရ သည်။ ဟူသီအဖွဲ့ကမူ ဆော်ဒီညွန့်ပေါင်း အဖွဲ့ထုတ်ပြန်ချက်နှင့် ပတ်သက်၍တစုံတရာ ပြန်လည်မှတ်ချက်ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။ ဟူသီအဖွဲ့အနေဖြင့်  ဆော်ဒီပိုင် နက်နယ်မြေများသို့ဒရုန်းနှင့် ဒုံးကျည်များသုံးကာပုံမှန် တိုက်ခိုက်လေ့ရှိပြီး ယီမင်ကို ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့၏ကျူးကျော်မှုအပေါ် တုံ့ပြန်မှုတစ်ခုအဖြစ် ပြုလုပ်နေခြင်းဖြစ်ကြောင်း ပြောသည်။                                မျိုးဝင်း(Ref : AFP)






အခြားဆက်စပ်သတင်းများ