နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှားနှင့် သြစတြေးလျ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်

ဂျာကာတာ၊  စက်တင်ဘာ  ၁၁


အင်ဒိုနီးရှားနိုင်ငံနှင့် သြစတြေးလျ နိုင်ငံသည် လုံခြုံရေးပူးပေါင်းဆောင်ရွက် မှု တိုးမြှင့်ရန် သဘောတူပြီး သြစတြေးလျ တွင် ပူးတွဲ စစ်သင်တန်းများပြုလုပ်ရန် နှစ်ဖက် စစ်တက္ကသိုလ်များတွင် ပါဝင် ရန် ယခုရက်ပိုင်းအတွင်း နှစ်နိုင်ငံဆွေး နွေးခဲ့ကြကြောင်း သိရသည်။


အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ကာ ကွယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေး ပစိဖိတ် ကျွန်းနိုင်ငံများကို ကူညီရေးသဘော တူ စာချုပ်များကိုလည်း လက်မှတ်ရေး ထိုးကြကြောင်း အင်ဒိုနီးရှား နိုင်ငံခြား ရေး ဝန်ကြီး ရက်နိုမာဆူဒီ ပြောသည်။


သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိုက်ပိန်းနှင့် ကာကွယ်ရေးဝန်ကြီး ပီတာဒတ်တွန်တို့သည် အင်ဒိုနီးရှားသို့ ယခုတစ်ကြိမ် သွားရောက် လည်ပတ် ခြင်းမှာ ကပ်ရောဂါ စတင်ဖြစ်ပွားပြီး နောက် နှစ်နိုင်ငံအကြား ပထမဆုံးအ ကြိမ် ဝန်ကြီးအဆင့် သွားရောက်သည့် ခရီးလည်း ဖြစ်သည်။


ဆွေးနွေးမှုများတွင် သြစတြေးလျ ပူးတွဲစစ်ရေးလေ့ကျင့်ခြင်း သမိုင်းဝင် ပထမဆုံးအကြိမ်အဖြစ် အင်ဒိုနီးရှား ဗိုလ်လောင်းများကို  သြစတြေးလျစစ် တက္ကသိုလ်များတွင် လေ့ကျင့်ပေးရေးပြု လုပ်မည့်အချက်များလည်း အင်ဒိုနီး ရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆုဘီယန်တို ပြောသည်။ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီး များသည် အိန္ဒိယ၊ တောင် ကိုရီးယားနှင့် အမေရိကန် အပါအဝင် အင်ဒို-ပစိဖိတ် ဒေသမှ နိုင်ငံခြားရေး၊ ကာကွယ်ရေး ဝန်ကြီးများနှင့်တွေ့ဆုံရန်လည်း စီစဉ် ထားကြောင်း သိရသည်။            

ရဲခေါင် (Ref : Reuters)






အခြားဆက်စပ်သတင်းများ