နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တီဂရေးတပ်ဖွဲ့များက အမ်ဟာရာရှိ ရွာသားပေါင်း ၁၂၀ ကျော်ကို သတ်ခဲ့ကြောင်း အီသီယိုးပီးယား တာဝန်ရှိသူများပြော

အဒစ်စ်ဘာဘာ၊  စက်တင်ဘာ  ၁၀


အီသီယိုးပီးယား အမ်ဟာရာဒေသရှိ ကျေးရွာတစ်ခုတွင် တီဂရေးတပ်ဖွဲ့များ က စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်နေ့ နှစ်ရက်အတွင်းတွင် အရပ်သားပေါင်း ၁၂၀ ကျော်ကို သတ်ခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက ပြောသည်။


တီဂရေးတပ်ဖွဲ့များကမူ အဆိုပါ ပြောဆိုချက်ကို ငြင်းဆန်ခဲ့ပြီး တီဂရေး တပ်ဖွဲ့များသည် အမ်ဟာရာတွင် နယ် မြေသိမ်းပိုက်ပြီးနောက် ယခုကဲ့သို့ များ ပြားသော လူသတ်မှုသည် ပထမဆုံး ကြားသိရခြင်းဖြစ်သည်။ တီဂရေးတပ်ဖွဲ့ များ ချီတက်လာသော ထိုနယ်မြေရှိ လူသောင်းချီသည် အိမ်များကိုစွန့်ခွာ ပြေးခဲ့ကြသည်။


သေဆုံးသူများထဲတွင် ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ပါဝင်ကြောင်း၊ ယင်းသို့ အစုလိုက်အပြုံ လိုက် သေဆုံးမှုသည် တီဂရေးတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သော ခဏတာအချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ အီသီယိုး ပီးယား ဖက်ဒရယ်တပ်ဖွဲ့မှ ပြန်လည် သိမ်းပိုက်ပြီးဖြစ်ကြောင်း သိရသည်။


ထိုသေဆုံးမှုအားလုံးနှင့် ပတ်သက် ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှုပြု လုပ်ရန် တီဂရေးအဖွဲ့က တောင်းဆိုထား ကာ ရွာသားများက တီဂရေးတပ်ဖွဲ့များ ချီတက်လာချိန်တွင် ပြန်လည်တိုက်ခဲ့ ခြင်းဖြစ်ကြောင်း      စစ်ယူနီဖောင်း အဟောင်းကို   ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ပြောသည်။

မျိုးဝင်း (ref;Reuters)






အခြားဆက်စပ်သတင်းများ