နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကင်မရာသမားကို ကယ်တင်ရန် ကြိုးပမ်းရင်း သမ္မတ ပူတင်၏ သက်တော်စောင့်ဟောင်း ရုရှားဝန်ကြီးသေဆုံး

မော်စကို၊  စက်တင်ဘာ ၁၀ 


ရုရှား၏ အရေးပေါ်စီမံခန့်ခွဲရေးဌာန အကြီးအကဲ ရက်ဂီးနီး ဇီနီရှက်ဗ်သည် အာတိတ်မြစ်အတွင်း ပြုတ်ကျသွားသော ကင်မရာသမားကို ကယ်တင်ရန်ကြိုးစား ရာမှ နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်းသိရသည်။


အာတိတ်မြစ်တွင် အရေးပေါ်တုံ့ပြန်မှု လေ့ကျင့်ရေးပြုလုပ်နေချိန်တွင် ကမ်း ပါးမှ   ပြုတ်ကျသွားသော မှတ်တမ်းရုပ်ရှင်ရိုက်ကူးနေသည့် ကင်မရာသမားကိုကယ် တင်ရန် ကြိုးစားခဲ့သော ဇီနီရှက်ဗ်သည် အရေးပေါ်အခြေအနေများဆိုင်ရာ ဝန်ကြီး ဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၅၅ နှစ်ရှိပြီဖြစ်သည်။ ဇီနီရှက်ဗ်သည် ၁၉၈၇ ခုနှစ်မှ စတင်ပြီး ရုရှား၏ လုံခြုံရေးဝန်ဆောင်မှုများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ 


၂၀၁၄ ခုနှစ်တွင် အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေး၏ ဒုတိယ အကြီးအကဲ အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ရုရှားဖက်ဒရယ်လုံခြုံရေး ဝန်ဆောင်မှု၏ ဒုတိယညွှန်ကြားရေးမှုးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ ကာ ၂၀၁၈ ခုနှစ်တွင် အရေးပေါ် ဌာန၏ အကြီးအကဲ ဖြစ်လာခဲ့သည်။ ယင်းသည် ၂၀ဝ၆ ခုနှစ်မှ စတင်ပြီး သမ္မတ ဗလာဒီမာပူတင်၏ သက်တော်စောင့်အဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတ ပူတင်ကမူ ကျန်ရစ်သူမိသားစုများနှင့် သူငယ်ချင်းများထံ ဝမ်းနည်းစကားပြောကြားထားသည်။           မျိုးဝင်း (ref; AFP)






အခြားဆက်စပ်သတင်းများ