နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ရောဂါအတွက် ဆေးဖက်ဝင်ပရဆေးများကို ဆေးတောင့်ပုံစံဖြင့် ထုတ်လုပ်ရန် လာအို ကြိုးပမ်း

ဗီယင်ကျန်း၊  စက်တင်ဘာ ၁၀


လာအိုနိုင်ငံရှိ ဆေးဝါးထုတ်လုပ်သူ များက ကိုဗစ်-၁၉ရောဂါအတွက် ဆေး ဖက်ဝင်ပရဆေးများကို ဆေးတောင့် ပုံစံဖြင့် ထုတ်လုပ်မှုစတင်ရန် ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။ 


လာအိုနိုင်ငံ တိုင်းရင်းဆေးဝါးအင် စတီကျု (ITM) က ဆေးဖက်ဝင်ပရဆေး များကို ဆေးတောင့်ပုံစံဖြင့် ထုတ်လုပ် ခြင်း လုပ်ငန်းစဉ် ရောက်ရှိနေပြီဖြစ် ကြောင်း၊ ယခုအခါ ယင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ လူနာများကို ကုသရန်  အသုံးပြုနေပြီဖြစ်ကြောင်း ကျန်းမာရေး   ဝန်ကြီးဌာနအောက်ရှိ ကူးစက်ရောဂါ ထိန်းချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Rattanaxay Phetsouvanh က မြို့တော် ဗီယင်ကျန်း တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။ 


လာအိုရှိ ကျန်းမာရေးဝန်ထမ်းများ သည်    Champasak  နှင့် Savannakhet ပြည်နယ်များတွင် ဆေးဖက်ဝင်ပရဆေးများအသုံးပြုပြီး ကိုဗစ်-၁၉ လူနာ ၄၅၀ ခန့် ကို ကုသပေး နေပြီဖြစ်ကြောင်း Rattanaxay က ပြောသည်။


လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာနက စက်တင်ဘာ ၇ ရက် ထုတ်ပြန် ထားချက်အရ ပြည်ပမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၂၂၁ ဦးထပ်မံတွေ့ရှိခဲ့ပြီး ဒေသတွင်းကူးစက်မှုအသစ် ၈၆ ဦးရှိ ခဲ့ကာ စုစုပေါင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၁၆,၃၆၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ 


ကပ်ရောဂါမှ ပြန်လည်သက်သာ လာပြီး ဆေးရုံမှပြန်လည်ဆင်းခွင့်ရသူ စုစုပေါင်း ကိုဗစ်-၁၉ လူနာ ၁၁,၃၃၀ ဦးရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။          မျိုးဝင်း(ref; Xinhua)






အခြားဆက်စပ်သတင်းများ