နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက္ကဆီကိုတွင် အင်အားပြင်းငလျင်လှုပ်ခတ်သဖြင့် အဆောက်အအုံများပြိုကျ လူသေဆုံးမှုရှိ

မက္ကစီကိုစီးတီး၊  စက်တင်ဘာ  ၁၀


မက္ကဆီကိုရှိ     ပစိဖိတ်အပန်းဖြေ မြို့တော် အကာပူလ်ကိုအနီးအင်အား ပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့သဖြင့် အ နည်းဆုံး တစ်ဦး သေဆုံးခဲ့ကာ မက္ကဆီကို စီးတီးမှ ကီလိုမီတာ ရာပေါင်းများစွာဝေး ကွာသော အဆောက်အဦများပါ လှုပ် ခတ်ခံခဲ့ရကြောင်း သိရသည်။ 


ငလျင်မှာ ကနဦးတိုင်းတာချက်များ အရ ပြင်းအား မဂ္ဂနီကျု ၇ အဆင့်ရှိပြီး အကာပူလ်မြို့ အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်ကို ဗဟို ပြုခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့က   ပြော သည်။ ဂူရီယာရိုပြည်နယ် အုပ်ချုပ်ရေး မှူး ဟက်တာအော်ဒူလိုက အကာပူလ် မြို့အနီး ကိုယူကာဒီ ဘန်နီတက်ဇ်မှာ ဓာတ်တိုင်လဲကျမှုကြောင့် အမျိုးသား တစ်ဦး   ပိမိသေဆုံးခဲ့ကြောင်း သိရ သည်။ 


မက္ကဆီကို အမျိုးသား အရပ်ဘက် ကာကွယ်ရေးရှိ ပြည်နယ် ၁၀ ခုတွင် ငလျင်ကြောင့် ထိခိုက်မှုများကို ပြန် လည်သုံးသပ်မှုများ လုပ်ဆောင်နေ ကြောင်း၊ သို့ရာတွင် ထိခိုက်ခံရသူ များ၏ သတင်းများ ၊ ဆိုးရွားသည့် ပျက်စီးဆုံးရှုံးမှု သတင်းများကိုမူ မသိရှိ ရသေး ကြောင်းထုတ်ပြန်ထားသည်။


မက္ကဆီကိုတွင် လွန်ခဲ့သော ၁၉၈၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်က ပြင်းအား ၈ ဒသမ ၁ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ် ခတ်မှုကြောင့် လူ ၁၀,ဝ၀ဝ ကျော် သေဆုံးခဲ့ပြီး အဆောက်အအုံ ရာနှင့် ချီကာ ပျက်စီးခဲ့ဖူးသည်။

ရဲခေါင် (Ref : AP)






အခြားဆက်စပ်သတင်းများ