နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ်ရဲ့ အချမ်းသာဆုံး အသင်းပိုင်ရှင်

စက်တင်ဘာ ၉


သူဌေးကြီး ၅ ဦးနှင့် ကြွယ်ဝမှုတန်ဖိုး ဘောလုံးကလပ်အသင်းတစ်သင်းရဲ့ ပုံရိပ်မြင့်မားမှု၊ ကြွယ်ဝအောင်မြင်မှု နဲ့ ကမ္ဘာ့အဆင့် ချမ်းသာမှုတွေဟာ အားကစားသမားနဲ့ နည်းပြတွေ နဲ့တင်   ဖြစ်တည်လာတာမဟုတ်      ပါဘူး။ ပရိသတ်တွေရဲ့ အားကိုယူပြီး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလို တစ်ထစ်ချင်း အားယူတည်ဆောက် ရတာ ဖြစ်ပါတယ်။ 


တစ်ခါတလေမှာတော့ စီးပွားရေး ဆန်လွန်းတဲ့ ပရိသတ်တွေနဲ့အသင်း ပိုင်ရှင်ဆိုတာ အပြစ်တင်လိုက်၊ ချီးကျူး လိုက်ဖြစ်နေတတ်တာ တွေ့နိုင်ပါတယ်။ ဒီနေ့မှာတော့ အချမ်းသာဆုံးထိပ်ဆုံး အသင်းပိုင်ရှင် ၅ ဦးကို  ဖော်ပြပေး လိုက်ပါတယ်။ 


တစ်ချို့အသင်း  ပိုင်ရှင်တွေက အသင်းကိုအထိ  ရောက်ဆုံးထောက်ပံ့မှု တွေပေးနေပေမယ့် အချို့ပိုင်ရှင်တွေ ကတော့ အကျိုးအမြတ်ကိုသာ ရှေ့တန်း တင်နေတာကို တွေ့နေရပါတယ်။ 


ပရီးမီးယားလိဂ်ရဲ့ အချမ်းသာဆုံး အသင်းပိုင်ရှင် သူဌေးကြီး ၅ ဦးက ရှိတ်ခ်မန်ဆော် – ကြွယ်ဝမှုဒေါ်လာ ဘီလျံ၂၀(မန်စီးတီးအသင်း)၊ ရိုမန် အေဘရာမိုဗစ်ချ်–ကြွယ်ဝမှုဒေါ်လာ ၁၁ ဒသမ ၃ဘီလျံ(ချယ်လ်ဆီးအသင်း)၊ စတန်ခရိုယန်ကီ–ကြွယ်ဝမှုဒေါ်လာ ၁၀ဘီလျံ(အာဆင်နယ်အသင်း)၊ Aiyawatt Srivaddhanaprabha မိသားစု – ကြွယ်ဝမှုဒေါ်လာ၆ဘီလျံ (လက်စတာအသင်း)၊ ဂျိုးလူးဝစ်+ ဒန်နီယယ်လ် လီဗိုင်း – ကြွယ်ဝမှု ဒေါ်လာ ၆ ဘီလျံ (စပါးစ်အသင်း)  (SO)






အခြားဆက်စပ်သတင်းများ