နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်ရှိ အမေရိကန်သံရုံး တံတိုင်းပေါ်တွင် တာလီဘန် အလံ၊ အမှတ်တံဆိပ်များ စတင်ပုံဖော်နေ

ကဘူးလ်၊  စက်တင်ဘာ ၉


အာဖဂန်နစ္စတန်နိုင်ငံ  မြို့တော် ကဘူးလ်ရှိ အမေရိကန်သံရုံးပတ်လည် တွင်ရှိသော တံတိုင်းပေါ်တွင် တာလီ ဘန်များက ယင်းတို့အလံနှင့် အမှတ် တံဆိပ်ကိုစတင်၍ ဆေးမှုတ်ပုံဖော်နေ ကြပြီဖြစ်သည်။ တာလီဘန်တို့အနေဖြင့် အာဖဂန် အစိုးရအသစ်ဖွဲ့ရေးကို ဆင်ခြင် သုံးသပ် စဉ်းစားနေသည်ဟုကြေညာ ထားကာ ထိုအတောအတွင်း ယင်းတို့၏ အစ္စလာမစ် ယုံကြည်မှု ကြေညာချက် နှင့်အတူ အဖြူ၊ အနက်ရောင်အလံများ ကို လမ်းတစ်ချို့တွင် လိုက်လံစီတန်း စိုက်ထူခဲ့ခြင်း ဖြစ်သည်။  


အာဖဂန်နစ္စတန်နိုင်ငံကို ယခင်လ က သိမ်းပိုက်ခဲ့သည့် တာလီဘန်အုပ်စု နှင့် သံတမန်ရေးကိစ္စများ ဆောင်ရွက် နေဆဲဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောသည်။


ထို့ပြင် တာလီဘန်တို့သည် ခရီး သွား လက်မှတ်ရှိသည့် လူများကိုအာဖ ဂန်နစ္စတန်ကနေ  လွတ်လွတ်လပ် လပ် ထွက်ခွာခွင့်ပေးမည်ဖြစ်ကြောင်း အမေရိကန်အစိုးရကို ပြောခဲ့သည် ဟု ဘလင်က ပြောသည်။ အမေရိကန် စစ်တပ်နှင့် သံတမန်များသည် ယခင် သီတင်းပတ်က ကဘူးလ်လေဆိပ်တွင် ရှုပ်ထွေးနေသည့် အခြေအနေများကြားမှ အမြန်ထွက် သွားခဲ့ကြကာ အာဖဂန်တွင် စစ်ရေးပါဝင်မှု နှစ် ၂၀ လည်း အဆုံး သတ်ခဲ့သည်။      ရဲခေါင် (ref;Reuters)






အခြားဆက်စပ်သတင်းများ