နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တူရကီတွင် COVID-19 ကာကွယ်ဆေး သက်သေခံကတ်ပြားအတု ထုတ်ပေးမှုဖြင့် သူနာပြု သုံးဦး အဖမ်းခံရ

အစ္စတန်ဘူလ်၊  စက်တင်ဘာ ၉ 


တူရကီနိုင်ငံနိုင်ငံတွင် ကာကွယ် ဆေးထိုးနှံထားခြင်းမရှိသေးသော လူ များကို ကိုဗစ်-၁၉  ကာကွယ်ဆေး သက်သေခံကတ်ပြားအတု ထုတ်ပေးမှု စွပ်စွဲချက်ဖြင့် သူနာပြုသုံးဦးကို ရဲတပ် ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။ 


သတင်းအရ အစ္စတန်ဘူလ်မြို့ရှိ ဥရောပဘက်အခြမ်း Bahcelievler ခရိုင်အတွင်းက ပုဂ္ဂလိကဆေးရုံ တစ်ခု ၌ အလုပ်လုပ်ကိုင်နေကြသော သူနာပြု များကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ ခြင်းဖြစ်ကြောင်း တူရကီနိုင်ငံအတွင်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် Daily Sabah သတင်းစာတွင် ဖော်ပြထား သည်။ ယင်းဆေးရုံတွင် အခကြေးငွေဖြင့် ၎င်းတို့၏ ဖောက်သည်များအတွက် သူနာပြုများက ကာကွယ်ဆေးသက်သေ ခံကတ်ပြား အတုများကိုထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 


တူရကီနိုင်ငံ၌ နိုင်ငံသားများအနေ ဖြင့် ကျန်းမာရေးဝန်ထမ်းများထံတွင် ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးနောက် ယင်းအချက်အလက်များကို နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန အချက်အလက် သိုလှောင်သိမ်းဆည်းစနစ်(databases) ထဲ နောက်ဆုံး အမည်စာရင်း ဝင်ရောက် သွားပြီးသူများသာ ကာကွယ်ဆေးထိုးနှံ မှုပြီးစီးကြောင်း သက်သေခံလက်မှတ် ရရှိနိုင်မည်ဖြစ်သည်။ 


တနင်္လာနေ့တွင် စတင်အသက်ဝင်ခဲ့ သည့် စည်းမျဉ်းသစ်အရ တူရကီနိုင်ငံ အတွင်း ခရီးသွားလိုသူများနှင့် လူစည် ကားရာ ရုပ်ရှင်ရုံ ၊ ကဇာတ်ရုံနှင့် ဖျော်ဖြေ ရေးခန်းမထဲ သွားရောက်လိုသူများအနေ ဖြင့် ကိုဗစ်-၁၉ စစ်ဆေးမှု negative ရလဒ်အဖြေ သို့မဟုတ် ကာကွယ်ဆေး ထိုးပြီးကြောင်း သက်သေခံ လက်မှတ်ပြ သရန် လိုအပ်ကြောင်း သိရသည်။

မျိုးဝင်း(ref; Xinhua)






အခြားဆက်စပ်သတင်းများ