နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှား ဘန်တန်အကျဉ်းထောင် မီးလောင် အကျဉ်းသား ၄၁ ဦး သေဆုံး

ဂျကာတာ၊  စက်တင်ဘာ  ၉


အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ပြည်နယ် ရှိ အကျဉ်းထောင်တစ်ခု၏ အကျဉ်း သားဦးရေထူထပ်သည့် အဆောင်တစ်ခု တွင် မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံးလူ ၄၁ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရပြောရေး ဆိုခွင့်ရှိသူနှင့် မီဒီယာများ၏ ဖော်ပြချက် အရ သိရသည်။ 


ဘန်တန်အကျဉ်းထောင် အဆောင် (စီ)တွင် နံနက် ၁ နာရီကနေ ၂ နာရီအထိ မီးလောင်ခဲ့ရာ မီးကိုငြိမ်းသတ်နိုင်ခဲ့ပြီး အာဏာပိုင်များက ကယ်ဆယ်ရေးလုပ် ငန်းများကို    ဆောင်ရွက်နေဆဲဖြစ် ကြောင်း သိရသည်။ မီးလောင်ခဲ့သည့် အဆောင် အဆောက်အဦတွင် မူးယစ် ဆေးဝါးမှုဖြင့် အကျဉ်းကျခံနေရသူများ ကိုထားပြီး  အဆိုပါအဆောင်တွင် အကျဉ်းသားဦးရေ ၁၂၂ ဦးရှိကြောင်း သိရသည်။ 


မီးလောင်မှုဖြစ်စဉ်တွင် မည်မျှထိ ခိုက်သေဆုံးခဲ့ကြောင်းကို မစ္စအပရီအန် တီက မပြောသော်လည်း ထောင်မှာ အကျဉ်းသားများဖြင့် ပြည့်ကျပ်နေခဲ့ တယ်ဆိုသည်ကို အတည်ပြုထားပြီး တရားရေးနှင့် လူ့အခွင့်အရေး ဝန်ကြီး ဌာန အဆိုအရ သေဆုံးခဲ့သည့် အကျဉ်း သား ၄၁ ဦးအနက် ၂  ဦးမှာ နိုင်ငံခြား သားဖြစ်ကြောင်း သိရသည်။

ရဲခေါင် (Ref : Reuters)






အခြားဆက်စပ်သတင်းများ