နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဲလီဇဘက်ကိုယ်တိုင် လက်မှတ်ရေးထိုးပေးဖို့ တောင်းဆိုခံရတဲ့ ရော်နယ်ဒို

 စက်တင်ဘာ ၆


အင်္ဂလန်ဘုရင်မကြီး အဲလီဇဘက် ကိုယ်တိုင်  လက်မှတ်ရေးထိုးပေးဖို့တောင်းဆိုခြင်းခံရတဲ့ ပထမဆုံးကစား သမားကတော့ ရော်နယ်ဒိုပဲ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။


ယူနိုက်တက်အတွက်  ရော်နယ်ဒို ပထမဆုံး   ပွဲထွက်ဖွယ်ရှိနေတဲ့ နယူးကာဆယ်နဲ့  အိမ်ကွင်းပွဲစဉ် လက်မှတ်ဈေးနှုန်းက မှောင်ခိုဈေးကွက် မှာ ပုံမှန်ဈေးထက် ဆယ်ဆမြှင့်တက်ခဲ့ ပြီး အတည်မပြုနိုင်သေးတဲ့ သတင်း ရင်းမြစ်တွေရဲ့   ဖော်ပြချက်အရ အင်္ဂလန်ဘုရင်မကြီး  အဲလီဇဘက် ဟာ မင်းခမ်းမင်းနားပွဲတွေမှာ အသုံးပြု နိုင်ရန်အတွက် ယူနိုက်တက် အသင်းထံ ရော်နယ်ဒိုဂျာစီအထည် ၈၀ ခန့် မှာယူ ခဲ့ပါတယ်။


ဒါ့အပြင် ရော်နယ်ဒို  ပထမဆုံး လက်မှတ်ရေးထိုးထားတဲ့ ယူနိုက်တက် ဂျာစီကို သူမအတွက် သီးသန့်ဖယ်ပေး ထားဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ဒီသတင်းသာ အမှန်တကယ်ဖြစ် လာ မယ်ဆိုရင် စီရော်နယ်ဒို  အင်္ဂလန် ဘုရင်မကြီး အဲလီဇဘက်ကိုယ်တိုင် လက်မှတ်ရေးထိုးပေးဖို့ တောင်းဆိုခြင်း ခံရတဲ့ ပထမဆုံးကစားသမားအဖြစ်        မှတ်တမ်းရေးထိုးနိုင်မှာ ဖြစ်ပါတယ်။


အင်္ဂလန်ဘုရင်မကြီးဟာ ဘောလုံး အားကစား ကို  ဝါသနာပါသူတစ်ယောက် ဖြစ်ပါတယ်။၂၁ ရာစုမတိုင်ခင်တုန်းက ဗြိတိန်ဘောလုံးလောကမှာ ဘုရင်မကြီး ရဲ့ ပုံရိပ်တွေကို မကြာခဏမြင်တွေ့ခဲ့ရ ပါတယ်။ ၂၀၂၀ ယူရိုဖိုင်နယ် မတိုင် ခင်တုန်းက ဆိုရင်လည်း အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ဆုတောင်း စကားတွေ ဆိုခဲ့ပါသေးတယ်။ 


ဘုရင်မကြီးဟာ  ယူနိုက်တက် ဂျာစီတွေကို မှာယူခဲ့တယ်ဆိုပေမယ့် သူအကြိုက်ဆုံး  ကလပ်အသင်းက လန်ဒန်မြို့ခံ ဝက်ဟမ်းအသင်းဖြစ်ပါ တယ်။    (SO)






အခြားဆက်စပ်သတင်းများ