နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စွန့်ပစ်ယူရေနီယံကြောင့် ဗဟိုအာရှတွင် နျူကပ်ဘေးဖြစ်လာနိုင်

ဘရပ်ဆဲလ်၊ ဧပြီ ၂၆

ဗဟိုအာရှဒေသတွင်းရှိ ဆိုဗီယက် ခေတ်ယူရေနီယံ သတ္တုမိုင်းတွင်း အများအပြားတည်ရှိရာ ဖာဂါနာတောင် ကြားဒေသတွင် စွန့်ပစ်ယူရေနီယံများ ကြောင့် ဆည်များပြိုကျပါက နျူကပ် ဘေးပေါ်ပေါက်လာမည့်အန္တရာယ်ရှိ နေကြောင်း အီးယူလေ့လာရေး ပညာရှင် များက ဧပြီ ၂၅ ရက်တွင် ပြောသည်။

အဆိုပါ လေ့လာမှုကို အီးယူ ကော်မရှင်၊ အီးယူပြန်လည်တည် ဆောက်ရေးနှင့် ဖွံဖြိုးရေး ဘဏ်တို့၏ ပံ့ပိုးမှုဖြင့် ပြုလုပ်နေခြင်း ဖြစ်သည်။

ကာဇက်စတန်နိုင်ငံရှိ ဆည်များတွင် စွန့်ပစ်ယူရေနီယံ အကြွင်းအကျန် ပမာဏ ဂါလန် ၁၈၅ သန်းခန့်ရှိနေ ပြီး အချို့စွန့်ပစ်ယူရေနီယံများသည် အရည်ပုံစံနှင့်တည်ရှိနေကာ ၂၀၁၇ ခုနှစ် မြေပြိုမှုဖြစ်စဉ် နောက်ပိုင်း ယင်း ဆည်တမံများသည် စိတ်ချရသည့် အနေအထားမရှိတော့ကြောင်းသိရ သည်။ ထို့ကြောင့် နောက်ထပ်မြေပြို မှု တစ်ခု သို့မဟုတ် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပါက ဆည်အတွင်းစွန့်ပစ် ယူရေနီယံများသည် ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်နှင့်တာဂျစ်ကစ္စတန် နိုင်ငံများရှိ စိုက်ပျိုးမြေများကိုရေပေး ဝေနေသည့် မြစ်များအတွင်း ရောက် ရှိသွားနိုင်ကြောင်း သိရသည်။







(ref:AP)






အခြားဆက်စပ်သတင်းများ