နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်ယန်းငွေတန်ဖိုး အနိမ့်ဆုံးကျဆင်း

တိုကျို၊ ဧပြီ ၂၆

ဂျပန်ယန်းငွေတန်ဖိုးသည် အမေ ရိကန်ဒေါ်လာနှင့် ယူရိုငွေတန်ဖိုးများနှင့် ယှဉ်ပါက နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွား ကြောင်း ဧပြီ ၂၅ ရက်တွင် ဂျပန် ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။

ဒေါ်လာစျေးသည် ၃၄ နှစ် ကာလအတွင်း ထိပ်ဆုံး ရောက်လာ သည့်အတွက် ဂျပန်ယန်းငွေနှင့်နှိုင်း ယှဉ်ပါက တစ်ဒေါ်လာလျှင် ၁၅၄ ဒသမ ၈၈ ယန်းအထိ မြင့်တက်လာကြောင်း သိရသည်။

ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများကို လည်း ယခုသီတင်းပတ်တွင် ကျင်းပ မည့် ဂျပန်ဗဟိုဘဏ်၏ မူဝါဒဆိုင်ရာ အစည်းအဝေးမတိုင်မီ ဖြစ်နိုင် ခြေရှိသော ကြားဝင်ဆောင်ရွက်ပေးမှုများအတွက် သတိပေးထားကြောင်း သိရသည်။

 ဂျပန်ဘဏ္ဍာရေးဝန်ကြီး ရှုနိချိ ဆူဇူကီးသည် အမေရိကန်နှင့်တောင် ကိုရီးယား အရာရှိများနှင့်တွေ့ဆုံနေပြီး ယန်းငွေအတွက် အလွန်အကျွံ အရေးယူ ဆောင်ရွက်သည့် ကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးမည်ဖြစ်ကြောင်း ပြောသည်။







(ref:Reuters)






အခြားဆက်စပ်သတင်းများ