နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမှုနှစ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ချဲလ်ဆီး

စက်တင်ဘာ ၄


ပြီးခဲ့တဲ့ လီဗာပူး VS ချဲလ်ဆီးတို့ သရေကျခဲ့တဲ့ပွဲမှ အဖြစ်အပျက်ကြောင့် ချဲလ်ဆီးအသင်းကို အမှုနှစ်ခုနဲ့ FA က စွဲချက်တင်လိုက်ပါပြီ။ အဆိုပါ ပွဲစဉ်ရဲ့ ပထမပိုင်းပြီးခါနီးမှာ လီဗာပူးအသင်းရဲ့ ထောင့်ကန်ဘော တိုက်စစ်ဆင်မှုကနေ ချဲလ်ဆီးကစားသမား ဂျိမ်းစ်ဟာ ဘောလုံးကို တားဆီးရင်း လက်နဲ့ထိခဲ့တာကြောင့် ပင်နယ်တီနဲ့အတူ ချဲလ်ဆီးတို့ တစ်ယောက်လျော့သွားခဲ့ရပါတယ်။


 အဆိုပါ အနီကတ်အတွက် တစ်မှုနဲ့ လီဗာပူးရဲ့ ပင်နယ်တီကန်သွင်းအပြီး ဂိုးသမား မန်ဒီကစလို့ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်မှာ တူချယ်ရဲ့ ချဲလ်ဆီးကစားသမားတွေဟာ ရန်လိုတဲ့ အပြုအမူတချို့ကြောင့် တစ်မှုဆိုပြီး အမှုနှစ်မှုအဖြစ် စွဲချက်တင် စွပ်စွဲခံ လိုက်ရတာ ဖြစ်ပါတယ်။ အဆိုပါ ပြစ်ချက်တွေအတွက် ချဲလ်ဆီးတို့ ဖြေရှင်း ပေးရတော့မှာဖြစ်ပြီး ဂျိမ်းစ်အတွက် ပွဲပယ်ပြစ်ဒဏ်တွေ အသင်းအပေါ် ဒဏ်ငွေတွေ ကျခံရဖို့ ရှိနေခဲ့ပါတယ်။                                                                           (SO)






အခြားဆက်စပ်သတင်းများ