နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရက်ပ်အဆိုတော် ကာညေးဝက်စ်က နာမည် တရားဝင်ပြောင်းရန် ကြိုးစား

ဩဂုတ်  ၃၁


အမေရိကန် ရက်ပ်အဆိုတော် ကာညေးဝက်စ် တစ်ယောက်၎င်း၏ နာမည်ကို Ye အဖြစ် တရားဝင် ပြောင်းပစ်ရန် လော့စ်အိန် ဂျလိစ် ရုံးတော်တွင် လျှောက်ထားလိုက်ပြီ ဖြစ်သည်။ ပါဆင်နယ်ကြောင့်အမည် ပြောင်းလိုခြင်း ဖြစ်သည်ဟုလည်း ကာ ညေးဝက်စ်က ဆိုသည်။ 


လွန်ခဲ့သည့်သုံးနှစ် နီးပါးက တည်း က Ye အမည်ဖြင့် အယ်လ်ဘမ် အခွေ ထွက်ရှိပြီးနောက် နာမည်ပြောင်း ရေးကိစ္စကို ဝက်စ်ကတွစ်တာတွင် ပြောခဲ့ဖူးသည်။


Ye သည် သမ္မာကျမ်းစာ တွင် အသုံးအများဆုံးစာလုံးဖြစ်ပြီး “you” ဟု အဓိပ္ပာယ်ရကြောင်းဝက်စ် က ၂၀၁၈ ခုနှစ်တွင် ရေဒီယိုအစီအစဉ် တင်ဆက်သူ Big Boy နှင့် အယ် ဘမ်အကြောင်း ဆွေးနွေးရာတွင် ရှင်း ပြခဲ့သည်။ 


ကာညေးဝက်စ်၏ “Donda” အမည်ရှိ ၁၀ ခွေမြောက် တစ်ကိုယ် တော် အယ်လ်ဘမ်သည် နဂိုဇူလိုင် ၂၃ ရက် ထွက်မည်ဟုကြေညာခဲ့ သော်လည်းမထွက်ဘဲ နောက်ဆုတ်မှု များလုပ်ထားခဲ့သည်။ ဝက်စ်၏ အခွေ သစ်သည် အသက် ၄၄ နှစ် အရွယ်ရှိ ဝက်စ်၏မိခင် Donda ဝက်စ် (၂၀၀၇ နိုဝင်ဘာတွင်ကွယ်လွန်) အမည်ကို ယူပေးထားခြင်းလည်း ဖြစ်သည်။ 

(WP)






အခြားဆက်စပ်သတင်းများ