နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
I.F အမည်ရှိ ဟာသဇာတ်ကားတွင် မင်းသမီး တစ်ဖနီဟက်ဒစ် ပါဝင်သရုပ်ဆောင်မည်

ဩဂုတ်  ၃၁


ယူနီဗာဆယ်ရုပ်ရှင် ကုမ္ပဏီ၏ I.F အမည်ရှိ မိသားစု အက်ရှင် ဟာသဇာတ်ကားသစ်တွင် မင်းသမီး တစ်ဖနီဟက်ဒစ် ပါဝင်သရုပ်ဆောင် မည်ဖြစ်ကြောင်း သိရ သည်။


အဆိုပါဇာတ်ကားတွင် မင်းသမီး တစ်ဖနီသည် ကိုယ်တိုင်ပါဝင်သရုပ်ဆောင်မည့်အပြင် ထုတ်လုပ်သူအဖြစ် လည်း တာဝန်ယူမည်ဖြစ်သည်။


မင်းသမီး တစ်ဖနီဟက်ဒစ်သည် ဒါရိုက်တာ ပေါရှရာဒါ ရိုက်ကူး ထားသည့် The Card Counter အမည်ရှိ ဇာတ်ကားတွင်လည်း ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။


I.F ဇာတ်ကားသည် Who Framed Roger Rabbit  ဇာတ်ကားကဲ့သို့ ကွန်ပျူတာ အင်နီမေးရှင်းဇာတ်ကောင် များနှင့် လူသားဇာတ်ကောင်များကို ပေါင်းစပ်ရိုက်ကူးမည့် ဇာတ်ကားဖြစ် သည်။


အဆိုပါ ဇာတ်ကားအတွက် ဝတ္ထုဇာတ်ညွှန်းကို ဇာတ်ညွှန်းရေး ဆရာ ဒါရန်းလမ်ကီကရေးသားပေး ထားပြီး ဒါရိုက်တာ မိုက်မစ်ချဲက တာဝန်ယူ ရိုက်ကူးသွားမည်ဖြစ် ကြောင်း သိရသည်။                 (သူရိန်)






အခြားဆက်စပ်သတင်းများ