နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Shut In ဇာတ်ကားရိုက်ကူးထုတ်လုပ်မှုလုပ်ငန်း ပြီးစီး

ဩဂုတ်  ၃၁


The Daily Wire မီဒီယာကုမ္ပဏီ၏ Shut In အမည်ရှိ  ရုပ်ရှင် ဇာတ်ကား ရိုက်ကူးထုတ်လုပ်မှုလုပ်ငန်းများ ပြီးစီးသွားပြီဖြစ် ကြောင်း သိရသည်။


အဆိုပါ ရုပ်ရှင်ဇာတ်ကားသည် The Daily Wire မီဒီယာကုမ္ပဏီ၏ ပထမဆုံး ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပြီး ရိုက်ကူးထုတ်လုပ်မှု လုပ်ငန်းများကိုလည်း လျှို့ဝှက်စွာပြုလုပ်ခဲ့ခြင်း ဖြစ်သည်။


Shut In ဇာတ်ကား ရိုက်ကူးထုတ်လုပ်မှုလုပ်ငန်းကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း The Daily Wire မီဒီယာကုမ္ပဏီက အတည်ပြုခဲ့ခြင်းဖြစ်သည်။


အဆိုပါဇာတ်ကားကို ဒါရိုက်တာ ဒီဂျေကရူးဆိုးက တာဝန် ယူရိုက်ကူးပေးထားပြီး အဆိုတော် ရုပ်ရှင်မင်းသမီး ရိန်းနေးကွာလေ ပါဝင်သရုပ်ဆောင်ထားသည်။


Shut In ဇာတ်ကားသည် ကလေးနှစ်ဦးနှင့်အတူ ချစ်သူဟောင်း ၏ ဖမ်းဆီးပိတ်လှောင်မှုခံထားရသော မိခင်တစ်ဦးက လွတ်မြောက် ရေးအတွက် စီစဉ်ကြိုးစားပုံကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။                                                       (သူရိန်)






အခြားဆက်စပ်သတင်းများ