နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်အစီရင်ခံစာကို ပညာရှင်များက မထုတ်ပြန်ဘဲ ထောက်လှမ်းရေးအဖွဲ့က ထုတ်ပြန်ခြင်းအပေါ် တရုတ် ဝေဖန်

ဘေကျင်း    ဩဂုတ်   ၃၁


အမေရိကန်နိုင်ငံ၏ ကိုဗစ်-၁၉ ရင်းမြစ် အစီရင်ခံစာကို ပညာရှင်များကမထုတ်ပြန်ဘဲ ထောက်လှမ်းရေးအသိုင်းအဝန်းက ထုတ်ပြန်သည်ဆိုသည့်အချက်သည် တလွဲတချော်ဖြစ်နေကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် ဒုတိယအကြီးအကဲ ကျုံအီရှင်က ဝေဖန်ပြောဆိုလိုက်သည်။ 


တရုတ်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ်မူလအစကို သိပ္ပံနည်းကျအမြဲတမ်းထောက်ခံခဲ့သော်လည်း အခြားသူများကို အပြစ်တင် ရန်အတွက် ထိုကိစ္စကို ကိရိယာတစ်ခုသဖွယ်အသုံးပြုခြင်းကိုဆန့်ကျင်ကြောင်း ကျုံအီရှင်က ဆက်လက်ပြောသည်။ 


အမေရိကန် ထောက်လှမ်းရေးအသိုက်အဝန်း၏ ကိုဗစ်-၁၉ မူလရင်းမြစ် အစီရင်ခံစာကို တုံ့ပြန်ရာတွင် ကျုံက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်ပြီး အစီရင်ခံစာတွင် ကိုဗစ်-၁၉ ရင်းမြစ်သည် သဘာဝအလျှောက်ဖြစ်သည် သို့မဟုတ် ဓာတ်ခွဲခန်းမှ လွတ်ထွက်သည်ကို တိတိကျကျဖော်ပြထားခြင်းမရှိကြောင်း သိရသည်။ 


ပညာရှင်များအနေဖြင့် ဆောင်ရွက်မည်ဆိုပါက အမေရိကန်အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရင်းမြစ်ရှာဖွေခြင်းကို ကိုယ်တိုင်ကိုယ်ကျ ထောက်ခံမည်ဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် ဒုတိယအကြီးအကဲ ကျုံအီရှင်က ပြောကြားသည်။ 

မျိုးဝင်း (Ref : Reuters)






အခြားဆက်စပ်သတင်းများ