နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပီအက်စ်ဂျီက စိတ်ဝင်စားနေတဲ့ ရစ်ချာလီဆင် ရောင်းချဖို့ ငြင်းဆိုလိုက်တဲ့ ဘင်နီတက်ဇ်‌

ဩဂုတ် ၃၀


အဲဗာတန်အသင်းရဲ့တိုက်စစ်မှူးကိုပီအက်စ်ဂျီက နွေရာသီအပြောင်း အရွှေ့ မပိတ်ခင်ခေါ်ယူဖို့ စိတ်ဝင်စားနေပေ မယ့် ဘင်နီတက်ဇ်ကရောင်းချဖို့ ငြင်းဆို ထားပါတယ်။ 


ရစ်ချာလီဆင်ဟာ ၂၀၁၈ ခုနှစ် တုန်းက ဝုဗ်ကနေ ပေါင်သန်း ၅၀ဖြင့် အဲဗာတန်ကို ရောက်ရှိလာပြီး ပရီးမီး ယားလိဂ်ရဲ့  ထိပ်တန်းတိုက်စစ်မှူး တစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံသားဟာအဲဗာတန်နဲ့၂၀၂၄ ခုနှစ်အထိစာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး ဒီနွေရာသီမှာ အသင်းပြောင်းရွှေ့ဖွယ်   ရှိတယ်လို့ ပြောဆိုနေကြကာ ပီအက်စ်ဂျီကတော့ ကစားသမားကိုခေါ်ယူဖို့အတွက် ချိန်ဆ နေတာဖြစ်ပါတယ်။ 


လက်ရှိမှာတော့ ပီအက်စ်ဂျီဟာ အသင်းကနေ  အမ်ဘာပီရဲ့ထွက်ခွာမှု နဲ့ ရင်ဆိုင်နေရပြီး ရီးရဲအသင်းက ဒုတိယအကြိမ်အဖြစ် ယူရိုသန်း ၁၇၀+ ၁၀ နဲ့ ကမ်လှမ်းချက်တုံ့ပြန်မှုကို စောင့် ဆိုင်းနေတာဖြစ်ပါတယ်။ အမ်ဘာပီသာ ပြောင်းရွှေ့သွားရင် ရစ်ချာလီဆန်ဟာ ပြင်သစ်ကလပ်ရဲ့ ဦးစားပေးပစ်မှတ်ဖြစ် လာဖွယ်ရှိနေပေမယ့် တိုက်စစ်မှူးက အဲဗာတန်မှာပဲ ဆက်ရှိနေမယ်လို့ ဘင်နီတက်ဇ်က  ပြောဆိုထားကာ အသင်းမှာပဲ လက်ရှိရာသီ ဆက်ရှိနေဖို့မျှော်လင့်ထားတာဖြစ်ပါတယ်။ 


“သူ့ကိုရောင်းချဖို့ ကျွန်တော်တို့က စဉ်းစားသွားမှာမဟုတ်ပါဘူး။ သူက ကျွန်တော်တို့အသင်းရဲ့ ကစားသမား ဖြစ်ပြီး   သူ့လိုကစားသမားမျိုး အသင်းမှာရှိတဲ့အတွက်  ပျော်ရွှင် မိပါတယ်။  ဒီနှစ်မှာလည်း သူက ကျွန်တော်တို့အသင်းအတွက် ဂိုးတွေ သွင်းယူပေးနိုင်မယ်လို့ မျှော်လင့်မိပါ တယ်” လို့  စနေနေ့ နေလယ်က သတင်း စာရှင်းလင်းပွဲမှာ နည်းပြက ပြောပါ တယ်။                                  (SO)






အခြားဆက်စပ်သတင်းများ