နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ့မွန်တိုက်စစ်မှူး ဟာလန်း လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာဖွယ်ရှိ

 ဩဂုတ် ၂၄


ဒေါ့မွန်အသင်း  တိုက်စစ်မှူး ဟာလန်းသည်  လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း သိရသည်။


ဟာလန်းအနေဖြင့် ဒေါ့မွန်အသင်း ၏ ရလဒ်ပိုင်း  မတည်ငြိမ်မှုများနှင့် အတူ ယင်း၏ စာချုပ်ဖျက်သိမ်းကြေး အသက်ဝင်မည်ဖြစ်သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေခြင်းဖြစ် သည်။


ဟာလန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့ကာလက ဒေါ့မွန်အသင်းနှင့် ၂၀၂၄ ခုနှစ်ထိ စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး အသင်း နှင့် စာချုပ်ချုပ်ဆိုစဉ်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ယူရို ၆၅ သန်းဖြင့် အသင်းမှထွက်ခွာ လိုပါက ထွက်ခွာနိုင်သည်ဟု ချုပ်ဆို ခဲ့ခြင်းဖြစ်သည်။


လက်ရှိအပြောင်းအရွှေ့ကာလတွင် ဟာလန်းကို ဥရောပထိပ်တန်းအသင်း ကြီးများဖြစ်သည့်  ရီးရဲလ်မက်ဒရစ်၊ ချယ်လ်ဆီး၊ မန်စီးတီး၊ မန်ယူနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က ခေါ်ယူရန် ပြင်ဆင်ခဲ့သော်လည်း ဒေါ့မွန် အသင်းက ယင်းအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၅၀ ထိ သတ်မှတ်ခဲ့သောကြောင့် ခေါ်ယူလိုသည့် အသင်းများအနေဖြင့် တရားဝင်ကမ်းလှမ်းခဲ့ခြင်းမရှိကြောင်း သိရသည်။                              (သူရိန်)






အခြားဆက်စပ်သတင်းများ