နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျူဗင်တပ်နှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့ လမ်းခွဲဖို့ လုပ်ဆောင်နေ‌

ဩဂုတ် ၁၈


ဂျူဗင်တပ်ဟာ ယခုနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မပိတ်မီ ခရစ္စ တီယာနိုရော်နယ်ဒိုအတွက် ကလပ်သစ် ရှာဖွေနေကြောင်း သတင်းတွေမှာ ဖော်ပြလာပါတယ်။ နိုင်ငံတကာနှင့် ချန်ပီယံလိဂ်တို့မှာ ဂိုးအများဆုံးသွင်း ယူသူအဖြစ် ရပ်တည်နေတဲ့ ခရစ္စတီ ယာနိုရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ဘောလုံး ရာသီတုန်းက ဂျူဗင်တပ်အတွက် စီးရီး အေတွင် ၃၃ ပွဲကစားခဲ့ရာမှာ ၂၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ 


ဒါ့အပြင်သူဟာ ယူရို ၂၀၂၀ ပြိုင်ပွဲ တွင်လည်း ၅ ဂိုးသွင်းကာရွှေဖိနပ်ဆုရရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခရစ္စတီယာနိုရော်နယ်ဒိုဟာ အသက် ၃၆ နှစ် ကျော်လာပြီဖြစ်တဲ့အပြင် သူ့ရဲ့ လုပ်ခမှာလည်းမြင့်မားလွန်းနေတာ ကြောင့် ဂျူဗင်တပ်က သူ့ကိုထွက်ခွာစေပြီးအသုံးစရိတ်လျှော့ချချင်နေပါတယ်။


အီတလီမီဒီယာများရဲ့ ဖော်ပြချက် အရ ဂျူဗင်တပ်နှင့် ခရစ္စတီယာနိုရော် နယ်ဒိုတို့ဟာ လွန်ခဲ့တဲ့လအနည်းငယ် ခန့်ကတည်းကလမ်းခွဲကာ ကလပ် သစ်ရှာဖွေခဲ့ကြပါတယ်။ ဂျူဗင်တပ်ဟာ ရော်နယ်ဒိုအတွက် မြင့်မားတဲ့လုပ်ခ သုံးစွဲနေရမှုနဲ့အတူ အေစီမီလန်မှ ထွက်ခွာခဲ့တဲ့ အီတလီဂိုးသမားဒွန်နာ ရမ်မာအားမခေါ်ယူ နိုင်ခဲ့ပါဘူး။ 

လက်ရှိအချိန်တွင်ခရစ္စတီယာနိုရော်နယ်ဒို ပြောင်းရွှေ့နိုင်ခြေအများဆုံး ကလပ်မှာမန်ယူဖြစ်နေပါတယ်။    (SO)






အခြားဆက်စပ်သတင်းများ