နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အဓိက ကစားသမားများကို စာချုပ်သစ်ချုပ်ဆိုဖို့ အလိုရှိနေ‌

ဩဂုတ် ၁၈


ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက စာချုပ်သစ်ချုပ်ဆိုဖို့ နှောင့်နှေးနေတဲ့ ကွင်းလယ်လူ ပေါ့ဘာအပြင် နောက်ထပ် အဓိက,ကစားသမား ၄ ယောက်ကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် အလိုရှိနေတယ်လို့ သိရပါတယ်။ 


စာချုပ်သစ်ချုပ်ဆိုဖို့အတွက် နည်းပြဆိုးလ်ရှား အလိုရှိနေတဲ့ ကစားသမား တွေကတော့ ဖာနန်ဒက်စ်၊ မက်ဂွိုင်းယား၊ လုခ်ရှောနဲ့ ရက်ရှ်ဖို့ဒ်တို့ပဲ ဖြစ်ပါတယ်။


လက်ရှိမှာ တစ်ပတ်လုပ်ခလစာပေါင် တစ်သိန်းသာရရှိနေတဲ့ ကွင်းလယ် လူဖာနန်ဒက်စ်ကို ပေါင်နှစ်သိန်းခွဲနဲ့ သုံးသိန်းကြားပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ နည်းပြဆိုးလ်ရှားအနေနဲ့ အလိုရှိနေသလို တစ်ပတ်လုပ်ခလစာပေါင် တစ်သိန်း ရှစ်သောင်းနဲ့ နှစ်သိန်းကြားရနေတဲ့ ရက်ရှ်ဖို့ဒ်၊ မက်ဂွိုင်းယားနဲ့ လုခ်ရှောတို့ကိုလည်း ဖာနန်ဒက်စ်ကို ကမ်းလှမ်းထားတဲ့ လစာမျိုးနဲ့ စာချုပ်သစ်ချုပ်ဆိုမှာဖြစ်တယ်လို့ သိရပါတယ်။


လက်ရှိ ယူနိုက်တက်အသင်းမှာ လစာအများဆုံးရနေတဲ့ ကစားသမားကတော့ ဂိုးသမား ဒီဂီယာဖြစ်ပြီး တစ်ပတ်ကို လုပ်ခလစာပေါင် ၃၇၅,၀၀၀ အထိ ရရှိနေတာဖြစ်ပါတယ်။                                                                                     (သူရိန်)







အခြားဆက်စပ်သတင်းများ