နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျော်ဒန်နှင့် ကာတာနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးမှုတွင် အာဖဂန်အရေး ဦးစားပေးဆွေးနွေး

အမ္မန်    ဩဂုတ်   ၁၈


ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အေမန် ဆာဖာဒီနှင့် ကာတာနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဘင် အဗ္ဗဒူလာ မန်အယ်လ် သီနီတို့ ဂျော်ဒန်နိုင်ငံ အမ္မန်မြို့တွင် ပြီးခဲ့ သည့်ရက်ပိုင်းက    တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး က   ယင်းတွေ့ဆုံမှုနှင့်ပတ်သက်ပြီး ပြောကြားရာတွင် ယင်းတို့၏ တွေ့ဆုံ ဆွေးနွေးမှုမှာ နှစ်နိုင်ငံဆက်ဆံရေးဖြစ်ပြီး စစ်ဘေးသင့် အာဖဂန်နစ္စတန်၏ အခြေ အနေနှင့်ပတ်သက်ပြီး  အပြန်အလှန် စိုးရိမ်ပူပန်ရသည့်   ပြဿနာများကို ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။ 


ဂျော်ဒန်ထိပ်တန်းသံတမန်က ဆွေးနွေး မှုများတွင်  ဆီးရီးယားနှင့်  လစ်ဗျား အကျပ်အတည်းများနှင့်  အာရပ်နိုင်ငံ များ ပူးပေါင်းလုပ်ဆောင်မှုကိုပါ လွှမ်းခြုံ ဆွေးနွေးခဲ့ကြောင်း၊ ဆာဖာဒီက အမ္မန် နှင့် ဒိုဟာကြား ပါလက်စတိုင်းများအတွက် နိုင်ငံရေးရေချိန်နှင့် စီးပွားရေးတိုးတက် စေရန် ဆက်လက်ညှိနှိုင်းသွားမည်ဖြစ် ကြောင်း ပြောကြားသည်။ 


တာလီဘန်တို့သည်     မြို့တော် ကဘူးလ်ကို  သြဂုတ်လ ၁၅ ရက်က သိမ်းပိုက်ပြီးနောက် နိုင်ငံတစ်ခုလုံးကို သိမ်းပိုက်ခဲ့ကာ လွန်ခဲ့သည့် ၂၀ဝ၁ ခုနှစ် အမေရိကန်ဦးဆောင်သော နိုင်ငံခြား တပ်ဖွဲ့များက စစ်ဒဏ်ခံတိုင်းပြည်ကို ဝင်ရောက်သိမ်းပိုက်ပြီး နောက်နှစ် ၂၀ ကျော်အကြာတွင် ယင်းတို့၏အစိုးရကို တည်ထောင်ရန် လုပ်ဆောင်နေခဲ့ပြီဖြစ် သည်။                    ရဲခေါင် (ref;Reuters)






အခြားဆက်စပ်သတင်းများ