နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျိုးဗီဇပြောင်း COVID ပိုး Lambda ဖိလစ်ပိုင်နိုင်ငံတွင် ပထမဆုံးစတင် တွေ့ရှိ

မနီလာ    ဩဂုတ်   ၁၇


ဖိလစ်ပိုင်နိုင်ငံ  ကျန်းမာရေးဌာန (DOH)က အသက် ၃၅ နှစ်အရွယ်ရှိသူ အမျိုးသမီးတစ်ဦးထံ၌ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇပြောင်းပိုးဖြစ်သည့် Lambdaပိုး ပထမဆုံးတွေ့ရှိကြောင်း သြဂုတ် ၁၆ ရက်တွင် အတည်ပြုလိုက်သည်။ ယင်း လူနာသည် ရောဂါလက္ခဏာပြသမှု ကြောင့် ၊ ၁၀ ရက်ကြာ သီးခြားခွဲထားပြီး နောက် ပြန်လည်သက်သာကောင်းမွန် လာကြောင်း ဖိလစ်ပိုင်နိုင်ငံကျန်းမာရေး ဌာန(DOH)က ပြောကြားပြီး ဖြစ်ပွား မှုကို စုံစမ်းစစ်ဆေးခြင်းနှင့် ခြေရာခံခြင်း များ ပြုလုပ်နေကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။ 


Lambda မျိုးဗီဇပြောင်းပိုးကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းကစိတ်ဝင် စားဖွယ်မျိုးဗီဇသစ်အဖြစ် သတ်မှတ်ခဲ့ သည်။ ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေး ဌာန(DOH)ကမူ Lambda မျိုးဗီဇ ပြောင်းပိုးသည် SARS-CoV-2 ကူးစက် နိုင်မှုကို အကျိုးသက်ရောက်သည့် အလား အလာရှိကြောင်းနှင့် လတ်တလောတွင် ဖြစ်နိုင်သော ဆေးဝါးကုသမှုဆိုင်ရာ လက်တွေ့အရေးပါမှုကို စောင့်ကြည့် လျက်ရှိကြောင်း ပြောကြားခဲ့သည်။ 


ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဌာန (DOH)က     ဩဂုတ် ၁၅ ရက်တွင် COVID-19 လူနာသစ် ၁၄,၇၄၉ ဦး စစ်ဆေးတွေ့ရှိကြောင်း ကြေညာခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက ရောဂါ ဖြစ်ပွားမှုစတင်ချိန်မှစ၍ တစ်ရက်တည်း တွင် ကူးစက်မှုအရေအတွက် ဒုတိယ အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။ 


ရဲခေါင် (ref; BBC)






အခြားဆက်စပ်သတင်းများ