နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟေတီငလျင်သေဆုံးသူ ထောင်ကျော်ရှိလာ

ဂျာရီမိ    ဩဂုတ်   ၁၇


ဟေတီနိုင်ငံတွင် ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ် ခဲ့ရာ လူပေါင်း  ထောင့်နှစ်ရာကျော်သေဆုံးပြီး  ထိခိုက်ဒဏ်ရာရသူများလည်း မြောက်မြားစွာရှိခဲ့ကြောင်း နိုင်ငံအစိုးရက ထုတ်ပြန်ကြေညာသည်။

 ငလျင်ကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ ရာမှ လူသေဆုံး ဒဏ်ရာရသည်အထိဖြစ်လာပြီး နိုင်ငံ၏ အဝေးပြေးလမ်းမတစ်ခုမှာလည်း လမ်းပိတ်သွားခဲ့ကြောင်း ဟေတီအာဏာပိုင် များက ပြောကြားခဲ့သည်။ 


ဟေတီနိုင်ငံ တောင်ပိုင်း Les Cayes မြို့ နှင့် Jeremie မြို့ နှစ်မြို့အကြားဆက်သွယ် ထားသော နိုင်ငံ၏ အဝေးပြေးလမ်းအမှတ်-၇ သည် ငလျင်ကြောင့် မြေပြိုမှုဖြစ်ပွားပြီး လမ်းပိတ်သွားခဲ့ကြောင်း ဟေတီနိုင်ငံ ပြည်သူ့ကာကွယ်ရေးညွှန်ကြားမှု အေဂျင်စီက ဆိုသည်။ 


ဟေတီနိုင်ငံဝန်ကြီးချုပ် Ariel Henry က အပျက်အစီးပုံများအား ကြည့်ရှု စစ်ဆေးရန် Grand'Anse ဒေသသို့သွားရောက်ခဲ့ပြီး အစိုးရအဖွဲ့အနေဖြင့် ငလျင် ဒဏ်သင့်ပြည်သူများအား ကယ်ဆယ်ရေးကူညီဆောင်ရွက်ရန်အတွက် ပေးပို့ခဲ့ပြီး ဖြစ်သည်။

မျိုးဝင်း (ref; BBC)






အခြားဆက်စပ်သတင်းများ