နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တူရကီမြောက်ပိုင်းရေကြီးမှု လူဒါဇင်ပေါင်းများစွာပျောက်ဆုံးနေ

အန်ကာရာ    ဩဂုတ်   ၁၇


တူရကီနိုင်ငံ ပင်လယ်နက်ဒေသတွင် ဆိုးဝါးသောရေကြီးရေလျှံမှုများနှင့် မြေပြို မှုများကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာပြီး ပျောက်ဆုံးသူ ဒါဇင် ချီလာကြောင်း နိုင်ငံအရေးပေါ်နှင့်ဘေး အန္တရာယ်အေဂျင်စီက ပြောကြားသည်။ 


နိုင်ငံမြောက်ပိုင်း  ပင်လယ်နက် ဒေသ၌ ဩဂုတ်လ ဒုတိယပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေး အန္တရာယ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ Kastamonu ပြည်နယ်၌ လူ ၅၂ ဦး သေဆုံးခဲ့ကြောင်း၊   ထို့ပြင် Sinop ပြည်နယ်၌ လူ ၉ ဦး သေဆုံးကာ Bartin ပြည်နယ်၌ ၁ ဦးသေဆုံးခဲ့ကြောင်း ဘေးအန္တရာယ်နှင့် အရေးပေါ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ 


ပြည်နယ် ၃ ခုတွင် လူ ၇၇ ဦး ပျောက်ဆုံးနေဆဲဖြစ်သည့်အတွက် ကယ်ဆယ်ရေးကြိုးပမ်းအားထုတ်မှု များ ဆက်လက်လုပ်ဆောင်နေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။ 


မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ပြီးခဲ့သော ရက်သတ္တပတ်မှစ၍ ပင်လယ် နက်ဒေသ အနောက်ပိုင်း၌ လူနေအိမ် များပြိုပျက်ခြင်း၊ တံတားများ ပြိုကျ ပျက်စီးခြင်း ၊ မော်တော်ယာဉ်များ မျောပါ သွားခြင်းနှင့်   လျှပ်စစ်ဓာတ်အားပြတ် တောက်ခြင်းများ  ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 


တူရကီနိုင်ငံ အနောက်တောင်နှင့် တောင်ပိုင်းကမ်းရိုးတန်းများ တစ်လျှောက် သစ်တောအုပ်များ ပျက်စီးကာ လူ ၈ ဦး သေဆုံးခဲ့သည့် တောမီးလောင်ကျွမ်း မှုကို     ထိန်းချုပ်နိုင်ခါစဖြစ်သကဲ့သို့ ဘေးအန္တရာယ်နှစ်ခုအား တစ်ပြိုင်နက် ရင်ဆိုင်နေရကြောင်း သိရသည်။

မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ