နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ဘနွန်တွင် ဆီဘောက်ဆာကားပေါက်ကွဲ အနည်းဆုံး ၂၈ ဦး သေဆုံး

ဘေရွတ်    ဩဂုတ်   ၁၇

 

လက်ဘနွန်မြောက်ပိုင်းတွင် ဆီဘောက်ဆာကား  ပေါက်ကွဲခဲ့မှု ကြောင့်  အနည်းဆုံး လူ ၂၈ ဦးသေဆုံးခဲ့ပြီး ၇၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ 


မျက်မြင်သက်သေများအဆိုအရ လက်ဘနွန်စစ်တပ်က သိုဝှက်ထားသည့် လောင်စာဆီကား ဓာတ်ဆီဖြန့်ဖြူးနေ ချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး ဓာတ်ဆီလာယူကြသည့် ဒေသခံများ ကြား အနည်းငယ်အချင်းများမှု ဖြစ်ပွား ပြီးနောက်  ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ပေါက်ကွဲချိန်တွင် အနီး၌ လူပေါင်း ၂၀ဝ ခန့်ရှိနေကြောင်း သိရသည်။ 


လက်ဘနွန်တွင် လောင်စာဆီပြတ် တောက်မှုကိုကြုံတွေ့နေရပြီး ဆင်းရဲ မွဲတေမှုနှင့် ငွေကြေးဖောင်းပွမှုရင်ဆိုင် နေရသော လက်ဘနွန်ရှိ ကုန်ပစ္စည်း များစွာမှာ ဈေးတက်သွားခဲ့ခြင်းကြောင့် ယခုတစ်ပတ်အတွင်း အကျပ်အတည်း ပိုကြီးလာခြင်းဖြစ်သည်။ 


လက်ဘနွန်တွင်   ဆိုးဝါးသော လောင်စာဆီပြတ်လပ်မှုကိုခံစားနေရပြီး ဓာတ်အားပြတ်တောက်မှုများမှာ ပိုပြီး ကျယ်ပြန့်လာခဲ့သဖြင့် ဓာတ်ဆီဆိုင်များ တွင် ရှည်လျားသောလူတန်းများဖြစ်ပေါ် လာခဲ့သည်။ 


ယခုပေါက်ကွဲမှုမှာ   လက်ဘနွန် နိုင်ငံ၏ အဆင်းရဲဆုံးဒေသတစ်ခုဖြစ် သော အက်ခ်ကာဒေသရှိ အလက်တလီ မြို့၌  ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုးဆိုး ရွားရွား မီးလောင်ခံရသူများ၏    အသက်ကို ကယ်တင်ရန် ပြည်ပတွင်အမြန်ကုသမှု ခံယူရန်လိုအပ်ကြောင်း    လက်ဘနွန် ကျန်းမာရေးဝန်ကြီးက ပြောကြားထား သည်။               ရဲခေါင် (Ref : Reuters)






အခြားဆက်စပ်သတင်းများ