နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်ကဘူးလ်ရှိ သံရုံးများနှင့် နိုင်ငံခြားသားများကို အန္တရာယ်ပြုမည်မဟုတ်ကြောင်း တာလီဘန် အတည်ပြုပြောကြား

ဒိုဟာ    ဩဂုတ်   ၁၇


အာဖဂန်နစ္စတန်နိုင်ငံ  မြို့တော် ကဘူးလ်ရှိ သံရုံးများ၊ သံတမန်ရေးရာ လုပ်ငန်းများနှင့် နိုင်ငံခြားသားများကို အန္တရာယ်ပြုမည်မဟုတ်ကြောင်း၊ တာလီဘန်အနေဖြင့်   နိုင်ငံတစ်ဝန်း လုံခြုံရေးကို  ထိန်းသိမ်းသွားမည်ဖြစ် ကြောင်း ကာတာနိုင်ငံ မြို့တော် ဒိုဟာရှိ တာလီဘန်နိုင်ငံရေးရုံး ပြောခွင့်ရပုဂ္ဂိုလ် Muhammad Naeem က ပြောကြားခဲ့ သည်။ 


တာလီဘန်လှုပ်ရှားမှုတပ်ဖွဲ့ဝင်များ သည် နိုင်ငံအတွင်းရှိ ကဘူးလ်မြို့နှင့် အခြားမြို့များတွင် လုံခြုံရေးထိန်းသိမ်း မှုတာဝန်ယူထားကြောင်း ယင်းတို့က အလေးထားပြောကြားထားသည်။ 


တာလီဘန်တို့သည် ကဘူးလ်မြို့ရှိ သမ္မတနန်းတော်အား ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်းနှင့် မကြာမီ အာဖဂန်နစ္စတန် အစ္စလာမ်မစ် စော်ဘွားနိုင်ငံ (Islamic Emirate of Afghanistan) ထူထောင် သွားမည်ဟု  ဩဂုတ်လ ဒုတိယပတ် အတွင်းကြေညာခဲ့ကြောင်း  မီဒီယာ သတင်းများအရ သိရသည်။ 


အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ မိုဟာ မက် အာရှရက်ဖ်ဂါနီ (Mohammad Ashraf Ghani)သည် ဩဂုတ် ၁၅ ရက် ညပိုင်းက  နိုင်ငံမှထွက်ခွာသွားပြီဖြစ် ကြောင်း အာဖဂန်အမျိုးသားပြန်လည် သင့်မြတ်ရေး အဆင့်မြင့်ကောင်စီအကြီး အကဲ အဗ္ဗဒူလာ အဗ္ဗဒူလာက ယင်း၏ Facebook စာမျက်နှာ၌ ရုပ်သံဖိုင်ဖြင့် ပြောကြားထားသည်။ 

ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ