နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်တွင် COVID ကြောင့် ဆေးရုံတက်ရသည့် ကလေးငယ်များစံချိန်တင်မြင့်တက်လာ

ဝါရှင်တန်    ဩဂုတ်   ၁၆


ကူးစက်မြန်ဒယ်လ်တာဗိုင်းရပ်စ် ကြောင့်   အမေရိကန်တောင်ပိုင်းအနှံ့ရှိ ဆေးရုံများတွင် လူနာများပြည့်နေပြီး ကူးစက်ရောဂါဖြစ်ပွားမှုကို  ရင်ဆိုင် တိုက်ခိုက်နေရချိန်တွင် Covid 19 ကြောင့် ဆေးရုံတက်ရသည့် ကလေးငယ်များမှာ အမေရိကန်ပြည်ထောင်စုတွင် စံချိန် တင်မြင့်တက်လာကြောင်း သိရသည်။ 


အမေရိကန်ပြည်ထောင်စုတွင် ကာကွယ်ဆေးမထိုးရသေးသူအများစု ကို ပျံ့နှံ့ကူးစက်နေသည့် ဒယ်လ်တာ မျိုးဗီဇကွဲကြောင့် ဆေးရုံတက်ရတဲ့သူ ကလေးငယ်စုစုပေါင်း ၂၀ဝ၀ ဝန်းကျင် ရှိလာပြီဖြစ်ကြောင်း အမေရိကန်ကျန်းမာ ရေးနှင့်   လူသားဝန်ဆောင်မှုဌာန၏ အချက်အလက်များအရ သိရသည်။ 


ရာခိုင်နှုန်းဖြင့်   တွက်ချက်ပါက Covid ကြောင့် ဆေးရုံတက်ရသူ လူဦးရေ စုစုပေါင်း၏ ၂၄ ရာခိုင်နှုန်းမှာကလေး သူငယ်များဖြစ်နေပြီး    အသက် ၁၂ နှစ်အောက်ကလေးငယ်များကို   Covid ကာကွယ်ဆေးထိုးနှံခွင့်မပြုသည့် အတွက်  ကူးစက်မှုမြင့်မားသည့်ဖြစ်ပွား မှုများတွင် ယင်းတို့မှာ ခုခံနိုင်စွမ်းမဲ့နေ ကြခြင်းဖြစ်သည်။ 


ကူးစက်မှုအသစ်များမြင့်တက် လာသည့်အတွက် ကလေး များအနေဖြင့် ယခုလအတွင်းကျောင်းပြန် တက်ကြ သည့်အခါ Mask တပ်သင့် မသင့်ကိုလည်း ပြည်နယ်အသီးသီးအလိုက်    ဆွေးနွေး နေကြပြီး ဖလော်ရီဒါ၊ တက္ကဆက်နှင့် အရီဇိုးနားပြည်နယ်များကမူ     ပြည်နယ် အုပ်ချုပ်ရေးမှူးများ၏အမိန့်ကို အာခံပြီး ယင်းတို့၏ ကျောင်းများတွင် mask မဖြစ် မနေတပ်ကြရန် အမိန့်ထုတ်ပြန်ထား သည်။ 


အမေရိကန်တွင် နေ့စဉ် Covid ကူးစက်ခံရသူပေါင်း ပျှမ်းမျှအားဖြင့် ၁၂၉၀ဝ၀ ခန့်ရှိနေပြီး နှစ်ပတ်အတွင်း နှစ်ဆနီးပါး   တိုးလာခြင်းဖြစ်သည်။ ဆေးရုံတက်ရသူများမှာလည်း ခြောက် လအတွင်း    အမြင့်ဆုံးဖြစ်လာပြီး တစ်ရက်လျှင် လူ ၆၀ဝ နီးပါးမှာ အချိန်မရွေးသေဆုံးနိုင်သည့်အနေအထားတွင် ရှိနေကြောင်း သိရသည်။


ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ