နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာလီဘန်များ အာဏာရသွားပါက အာဖဂန်နစ္စတန်နိုင်ငံသို့ အကူအညီပေးမှု ဂျာမနီ ရပ်ဆိုင်းမည်

ဘာလင်    ဩဂုတ်   ၁၆


အာဖဂန်နစ္စတန်နိုင်ငံ၌ တာလီဘန် များအာဏာရသွားပါက  ဂျာမနီနိုင်ငံ အနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံသို့အကူ အညီပေးနေမှုများကို ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး က ပြောကြားလိုက်သည်။ 


 “တာလီဘန်တွေအာဏာရပြီး ရှာရီယာဥပဒေကို ပြဌာန်းလိုက်တာနဲ့ အာဖဂန်နစ္စတန်နိုင်ငံကို ကျွန်တော်တို့ တစ်ပြားမျှ ထပ်မပေးတော့ပါဘူး။”ဟု ဝန်ကြီးက ဂျာမန်ရုပ်သံလိုင်းများတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ အာဖဂန် နစ္စတန်နိုင်ငံအနေဖြင့် နိုင်ငံတကာအကူ အညီမပါဘဲ  မရှင်သန်နိုင်ကြောင်းကို လည်း ဝန်ကြီးက ဆက်လက်ပြောကြား ခဲ့သည်။ ဂျာမနီနိုင်ငံသည် အာဖဂန် နစ္စတန်နိုင်ငံသို့ ယခုနှစ်တွင် အကူအညီ ယူရို ၄၃၀ သန်း (အမေရိကန်ဒေါ်လာ ၅၀၅ သန်းဝန်းကျင်) ထောက်ပံ့ခဲ့ပြီး ၂၀၂၄ ခုနှစ်အထိ ယင်းပမာဏအတိုင်း နှစ်စဉ်ပေးအပ်ရန် ကတိပြုထားကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ပြော သည်။ 


ဂျာမနီတပ်ဖွဲ့များသည်  NATO တပ်ဖွဲ့၏ အစိတ်အပိုင်းတစ်ခုအဖြစ် အာဖဂန်နစ္စတန်နိုင်ငံ၌ ယခုနှစ် ဇွန်လ အထိ နှစ်ပေါင်း ၂၀ နီးပါးအကြာ တပ်စွဲ ခဲ့ကြောင်း သိရသည်။

မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ