နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟေတီတွင် ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်

ပို့စ်အော့ပရင့်စ်   ဩဂုတ်   ၁၆


အမေရိကန် ဘူမိဗေဒလေ့လာရေး အဖွဲ့က ဟေတီနိုင်ငံတွင် ပြင်းအား ၇ ဒသမ ၂ ရှိသော ငလျင်တစ်ခုလှုပ်ခတ် ခဲ့ပြီး အဆိုပါငလျင်ကြောင့် ပျက်စီး ဆုံးရှုံးမှု ရှိခဲ့ကြောင်း ထုတ်ပြန် လိုက် သည်။ 


USGS ၏ အဆိုအရ ငလျင်မှာ ပီတစ်ဒရိုဒီနီပီစ်မြို့မှ   ၈ ကီလိုမီတာ အကွာ မြေအောက်အနက်  ၁၀ ကီလို မီတာကိုဗဟိုပြုပြီးလှုပ်ခဲ့ကာ ဥရောပ-မြေထဲပင်လယ် ငလျင်ဗဟိုဌာန (EMSC) က ဒေသတွင်း၌ စနေနေ့ကပြင်းအား ၇ ဒသမ ၆ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ ကြောင်း အစီရင်ခံထားသည်။ 


နိုင်ငံတစ်ဝန်းလုံးတွင်     ငလျင် ကြာရှည်စွာလှုပ်ခတ်သွားပြီး    ကျွန်း၏ အနောက်တောင်ဘက်ကျွန်းဆွယ်၌ အဆောက်အအုံများ ပျက်စီးမှုများရှိခဲ့ ကြောင်း    မျက်မြင်သက်သေများ၏ ဓာတ်ပုံများကို ကိုးကား၍ အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြသည်။ 


ထို့ပြင် အဆိုပါအင်အားပြင်းဟေတီ ငလျင်လှုပ်ခတ်ပြီးနောက် အမေရိကန် ဆူနာမီသတိပေးစနစ်အတိုင်း ဆူနာမီ သတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။ 

ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ