နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုယ်ခံအားနည်းသူများ COVID-19 ကာကွယ်ဆေးသုံးကြိမ်ထိုးရန် အမေရိကန် FDA ခွင့်ပြု

ဝါရှင်တန်    ဩဂုတ်   ၁၆


အမေရိကန်နိုင်ငံ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ကိုယ်ခံအားစနစ်များ အားနည်းသည့် ပြည်သူများတွက် COVID-19 ကာကွယ် ဆေးတတိယအကြိမ်ထိုးနှံရန် ခွင့်ပြုခဲ့ ကြောင်း သိရသည်။ 


ယင်းသို့ခွင့်ပြုရန် FDA အနေဖြင့် စာရင်းပြုစုရာမှရရှိသည့်    အချက် အလက်များကို  ပြန်လည်သုံးသပ်ပြီး နောက် Pfizer-BioNTech သို့မဟုတ် Moderna ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံမှုကို အုပ်စုငယ်များ ၊ ထိခိုက်လွယ် အုပ်စုတို့တွင်   အကျိုးရှိနိုင်သည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


လက်ရှိတွင် အမေရိကန်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန (FDA) အနေဖြင့် အနာဂတ်တွင် ဖြည့်စွက်ကာကွယ်ဆေးထိုးရန် လိုအပ် ခြင်း၊ မလိုအပ်ခြင်းဆိုသည့်အချက်ကို မိတ်ဖက်အဖွဲ့များနှင့်ဆွေးနွေးကာ သိပ္ပံ အခြေပြုအသေးစိတ်လုပ်ငန်းစဉ်များ တွင်  တက်ကြွစွာပါဝင်လုပ်ဆောင်နေ ကြောင်း သိရသည်။ 


ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင် ကာကွယ်ရေးစင်တာများ၏ အဆိုအရ အမေရိကန်နိုင်ငံ၌ အရွယ်ရောက်သူများ အနက် ခန့်မှန်းခြေ ၂ ဒသမ ၇ ရာခိုင်နှုန်း သည် ကိုယ်ခံအားနည်းပါးကြောင်း၊ ယင်းတို့တွင်   ကိုယ်အင်္ဂါအစားထိုး ကုသမှုခံယူထားသူများ၊    ကင်ဆာ ဝေဒနာခံစားရသည့်   လူနာတချို့နှင့် HIV ရောဂါပိုးရှိသူများပါဝင်ကြောင်း သိရသည်။          ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ