နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုကျိုအိုလံပစ်ပြိုင်ပွဲပြီးဆုံးချိန်အထိ ဆုတံဆိပ်အများဆုံးကို အမေရိကန်ရရှိ

တိုကျို၊  သြဂုတ် ၁၀  


ကျင်းပပြီးစီးသွားသည့် တိုကျို အိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်အသင်း က ရွှေတံဆိပ် ၃၉ ခု၊ ငွေတံဆိပ် ၄၁ ခု၊ ကြေးတံဆိပ် ၃၃ ခုရရှိပြီး စုစုပေါင်း ဆုတံဆိပ် ၁၁၃ ခုဖြင့် နိုင်ငံအလိုက် ဆုတံဆိပ်အများရရှိကာ ထိပ်ဆုံးဗိုလ်စွဲ သွားကြောင်း သိရသည်။ 


ဒုတိယဆုတံဆိပ်အများဆုံး တရုတ် နိုင်ငံကမူ ရွှေတံဆိပ်ဆု ၃၈ ခု၊ ငွေတံဆိပ် ၃၂ ခု၊ ကြေးတံဆိပ် ၁၈ ခု စုစုပေါင်း ဆု တံဆိပ်ပေါင်း ၈၈ ခုဖြင့် နိုင်ငံအလိုက် အမေရိကန်နောက်တွင် ဗိုလ်စွဲရရှိခဲ့ သည်။  အိမ်ရှင်ဂျပန်အနေဖြင့်  ရွှေ တံဆိပ် ၂၇ ခု၊ ငွေ ၁၄ ခု ၊ ကြေး ၁၇ ခု ဆုတံဆိပ် စုစုပေါင်း ၅၈ ခုနှင့် နိုင်ငံ အလိုက် တတိယနေရာမှာ ရပ်တည်ခဲ့ ကာ ဗြိတိန်ကမူ ရွှေတံဆိပ်ဆု ၂၂ ခု၊ ငွေတံဆိပ် ၂၁ ခု၊ ကြေးတံဆိပ် ၂၂ ခု စုစုပေါင်း ဆုတံဆိပ်ပေါင်း ၆၅ ခုနှင့် စတုတ္ထနေရာရရှိခဲ့သည်။ 


နိုင်ငံအလံသုံးခွင့်မရှိဘဲ အိုလံပစ် အလံတော်အောက်တွင် ROC အမည် နှင့်သာ ဝင်ပြိုင်ရသည့် ရုရှား အိုလံပစ် အသင်းကမူ ရွှေတံဆိပ်ဆု ၂၀ ခု၊ ငွေတံဆိပ် ၂၈ ခု၊ ကြေးတံဆိပ် ၂၃ ခု စုစုပေါင်း ဆုတံဆိပ်ပေါင်း ၇၁ ခုနဲ့ ပဉ္စမနေရာရရှိခဲ့သည်။ အာဆီယံနိုင်ငံ များအနက် ဖိလစ်ပိုင်က ရွှေ ၁ ခု၊ ငွေ ၂ ခု ၊ ကြေး ၁ ခု စုစုပေါင်းဆု တံဆိပ် ၄ခု ရရှိခဲ့ပြီး နိုင်ငံအလိုက်အဆင့် ၅၀ နေရာတွင်လည်းကောင်း ၊ အင်ဒိုနီးရှား က ရွှေ ၁ ခု၊  ငွေ ၁ ခု ၊ ကြေး ၃ ခု စုစုပေါင်း ဆုတံဆိပ် ၅ ခုရရှိကာ နိုင်ငံအလိုက် အဆင့် ၅၅ နေရာတွင်လည်းကောင်း အသီးသီး ရပ်တည်ခဲ့ကြသည်။ 


၂၀၂၀  တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်နေ့မှ ဩဂုတ် ၈ ရက်အထိ ကျင်းပခဲ့ကာ နိုင်ငံပေါင်း ၂၀ဝ ခန့်ရှိ အားကစားသမားပေါင်း တစ်သောင်း ကျော်က အားကစားနည်း ၃၃ မျိုးကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ 

မျိုးဝင်း (ref; NHK)






အခြားဆက်စပ်သတင်းများ