နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးလျော့ပါးရေး လူငယ်အားလုံးပါဝင်ရေး

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးများ အဖြစ်များနေသောကာလဖြစ်သည်။   လူ့ပယောဂကြောင့်ဖြစ် သောဘေးများကို မဖြစ်စေအောင်တားဆီး၍ ရကောင်းရမည် ဖြစ်သော်လည်း သဘာဝပယောဂကြောင့်ဖြစ်သောဘေးများကို တားဆီး၍ရနိုင်မည်မဟုတ်ပေ။ ယနေ့အချိန်အခါတွင် သဘာဝ ပယောဂကြောင့် ဘေးများအဖြစ်များလာပြီး   ဘေးကြောင့် လူ့အသက်အိုးအိမ်စည်းစိမ်များ၊ အခြေခံအဆောက်အအုံများနှင့် သဘာဝပတ်ဝန်းကျင်ကို  ပျက်စီးဆုံးရှုံးမှုများသည်လည်း ပိုမို များပြားလျက်ရှိပေသည်။
လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းလူငယ်များနှင့် သဘာဝ ဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များအတွက် သင်တန်း များကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသများတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ပါက တုံ့ပြန်နိုင်သော စွမ်းအားစုတစ်ရပ်အနေဖြင့်သော်လည်းကောင်း၊ သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျဦးစီးဆောင်ရွက် နိုင်သောလူငယ်များ    အမြဲအဆင်သင့်ဖြစ်စေရန်ရည်ရွယ်၍   သင်တန်းများဖွင့်လှစ်ရခြင်းဖြစ်ပေသည်။
စေတနာ့ဝန်ထမ်းဆိုသည်မှာ မွန်မြတ်သောအလုပ်ဆောင်ရွက် သူများဖြစ်ပြီး အခက်အခဲများလည်း ကြုံတွေ့နိုင်ကြောင်း၊ ကြုံ တွေ့ပါက တစ်ဦးနှင့်တစ်ဦး လက်တွဲခေါ်ယူသွားကြရန်လိုကြောင်း မြို့နယ်များတွင် စေတနာ့ဝန်ထမ်းများ လိုအပ်လျက်ရှိသည်။
စေတနာ့ဝန်ထမ်းသင်တန်းများတွင်     စေတနာ့ဝန်ထမ်း လက်စွဲပါ ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင်  စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊    စေတနာ့ဝန်ထမ်းများ၏    တာဝန်နှင့်လုပ်ငန်း       လမ်းညွှန်ပြောဆိုဆက်သွယ်မှုဆိုင်ရာကျွမ်းကျင်မှု၊   စိတ်၊  လူမှုပိုင်း ဆိုင်ရာပံ့ပိုးမှုပေးခြင်း၊    ဦးတည်အုပ်စုအလိုက် ဝန်ဆောင်မှုပေးခြင်း များကို သင်ကြားပို့ချပေးလျက်ရှိသည်။
သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင် ကြိုတင်ပြင်ဆင် ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ရာ ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုစက်ဝန်းပါအန္တရာယ်ဖြစ်နိုင်ချေလျှာ့ချခြင်း၊     ကြိုတင် အသင့်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင် ခြင်းဟူသည့် ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ထိခိုက်မှုလျော့နည်း ပြီး ထောက်ပံ့မှုများလည်း ပြန်လည်ထိရောက်မည်ဖြစ်ပေသည်။
သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင် ရပ်ရွာစွမ်းဆောင်  ရည်မြှင့်တင်ရေးလုပ်ငန်းများကို  ဘက်စုံ၊ ကဏ္ဍစုံမှ  ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ